“ခိုက်ရန်ဖြစ်ပွားမူ မဖြစ်အောင်ထိန်း ကြပါ မထိန်းနိုင်ရင် ဒီတိုင်းပြည်ရဲ့ အနာဂါတ်ဟာ ကြောက်စရာကောင်းတယ်။ “
မြန်မာ့ နက္ခတ်ဗေဒဆရာ စံဇာဏီဘို နဲ့တွေ့ဆုံ မေးမြန်းခြင်း…..
++++++++++++++++++++++++++++++++++++++
ဗေဒင်လက္ခာဏာ ယတြာတွေကိုယုံကြည့်ကြတဲ့ ဒီမှာ နိုင်ငံမှာ ထူးခြားတဲ့ အပြောင်းအလဲတွေဖြစ်နိုင်တဲ့အခြေအနေတွေ ဗေဒင်နက္ခတ်ပညာဟာလည်းမေ့ထားလို့မရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေတိုးတတ်ပြောင်းလဲရေးအတွက် အရေးကြီးဆုံးရွေးကောက်ပွဲကာလဟာ တစ်ဖြေးဖြေးနီးကပ်လာ ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲအကြိုကာလ နဲ့ ရွေးကောက်ပွဲကာလတွေမှာ ဗေဒင်ကိန်းဂဏန်းတွေအရ ဘာတွေဖြစ်နိုင်တယ် ဘယ်လိုထူးခြားချက်တွေကို ကြုံရမလဲ သတိထားရမယ့်အရာတွေဟာ ဘာတွေလဲဆိုတာကို မြန်မာ့ နက္ခတ်ဗေဒ ပညာရှင် စံဇာဏီဘိုနဲ့တွေ့ဆုံပြီးမေးမြန်းထားပါတယ်။
ကုမုဒြာ။ ။ ဆရာတို့ ပညာရပ်အရ ၂၀၁၅ နိုဝင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲ အပေါ် ကိုသုံးသပ်ပေးပါဆရာ။
စံဇာဏီဘို ။ ။ ပထမဦးဆုံး ရွေးကောက်ပွဲ ကာလမှာ သတ်မှတ်ထားတဲ့ ရက်မတိုင်ခင်ကာလမှာ ကိုတည်းက ကြောက်မက်ဖွယ်ကောင်းတဲ့ ဂြိုလ်အနေ အထားတွေစတွေ့ရတယ်။ ဗုဒဟူး ဂြိုလ်လို့ခေါ်တဲ့ မာကျူရီ ဂြိုလ်ဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာ လ ၃၀ ရက်နေ့မှာ စပြီး တူရာသီကိုရောက်တယ် လစ်ဘရယ်လို့ခေါ်တယ် အဲဒါက နိုဝင်ဘာ ၁၈ ရက်အထိ ရှိတယ်။ အဲဒီကာလမှာ ဗုဒဟူးဂြိုလ် တူရာသီမှာရှိရင် နက္ခဗေဒင် ရဲ့ဟောကိန်းအရ မင်းအချင်းချင်း ငြင်းခုန်မူများမယ်။ ပဋိပက္ခ များဖြစ်မယ်။ မငြိမ်မသက်ဖြစ်မယ်၊ စစ်မက်ရေးရာ ဖြစ်မယ်ဆိုတဲ့ သဘောပြတယ်။ အဲတော့ ရွေးကောက်ပွဲ ကာလဟာ နိုဝင်ဘာလ ရှစ်ရက်နေ့ အဲတော့ ရွေးကောက်ပွဲ မတိုင်ခင် ၉ ရက်အလိုနဲ့ ရွေးကောက်ပွဲကျော်ပြီး ၉ ရက် အလွန်ကာလမှာ အင်မတန်ကြောက်စရာကောင်းတဲ့ အနေအထားရောက် နေရှိတယ်။အဲတော့ ဒီအချက် ကနံပါတ်တစ် အချက် ဒီအတွက်ကြောင့် ရွေးကောက်ပွဲမှာ သိပ်သတိထားရမဲ့ အကြောင်းအရာတစ်ခုဘဲ။ မတူညီတဲ့ အဖွဲ့အစည်းတွေ ပါတီစုံမှာ သွားကြတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက်အကြမ်းဖက်ပြီး တိုက်ခိုက်မှာကို စိုးရိမ်ဖွယ်ရှိတယ်။ နိုဝင်ဘာလ ၄ ရက်နေ့ အဲဒီနေ့မှာ ဂြိုလ် နှစ်လုံးပြောင်းတယ် အဲဒါကအင်မတန်အရေးကြီးတဲ့ သောကြာ ဂြိုလ် လည်းပြောင်း အင်္ဂါဂြိုလ်လည်းပြောင်း အဓိက သောကြာဂြိုလ်ပြောင်းလိုက်တဲ့အခါမှာ သောကြာ ဂြိုလ်က ကန်ရာသီ မှာတည်ရှိပြီးတော့ ကန်ရာသီမှာ အင်္ဂါဂြိုလ်ကလည်း ကန်ရာသီကို ကူးပြောင်းသွားတယ်။ အဲဒီမှာ ရှိနေတဲ့ ရာဟု ဂြိုလ်နဲ့ သွားပေါင်းလိုက်တယ်။ ပေါင်းလိုက်တဲ့ အခါမှာ နိုဝင်ဘာလ ၄ ၇က်နေ့ ရွေးကောက်ပွဲမတိုင် ခင် ကနေ စပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ အထိ ဂြိုလ်သုံးလုံး ပူးတယ်။ အဲဒီ ဂြိုလ်က ရာဟုရယ် အဂါင်္ရယ် သောကြာရယ် ဂြိုလ် သုံးလုံးပူးတယ်။ အဲဒီ ဂြိုလ်သုံးလုံးပူးတာ အင်မတန်ကြောက်မက် ဖွယ်ကောင်းတဲ့ အနေအထားဖြစ်တယ်။ မင်းတိုအချင်းချင်းစစ်မက် ဖြစ်သွားမယ် မြေပြင်တလင်းမှာ သွေးချောင်းစီးပြီး သွေးချင်းနီနီ မဲ့အခြေ အနေဖြစ်တယ်။ နိုဝင်ဘာလ ၃၀ အထိ အဲဒီ အပူးအတိုင်းဖြစ်တယ်။ ဒါက နှစ်ဦးမှာတည်းက ဒိုင်ယာရီ ထုတ်ပြီးသား ဒီအချိန်ဒီကာလမှာ ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော်တို့အမြဲတမ်း ထုတ်ပေးပြီးသား။ ခုမှ ဒီအကြောင်းအရာကို ချဉ်းကပ်ပြီးတော့ သုံးသပ် တာမဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲမကြေငြာခင် ဒီအချိန်လောက်တတည်းကထုတ်ထားတာ။ အဲတော့ ဒီကာလကို နိုဝင်ဘာ လ ရှစ်ရက်နေ့ ကို သူတို့ကို ဒါကို သိလို့ဘဲ တမင် ချိန်ကိုက်ပြီးတော့ ပဲရွေးကောက်ပွဲရက်ကိုဘဲ သတ်မှတ်တာလား။ ပြီးတော့ တနင်္ဂနွေ ကလည်း သိကြားပြည်မှာ ပြသဒါး လူနတ်သာဓု ခေါ်စရာအကြောင်း ဘယ်ရှိမလဲ။မြန်မာပြည်က ၄ ရက်နေ့ ဇန်နဝါရီမှာ လွပ်လပ်ရေးရတယ်။ ၈ နဲ့ ၄ ကမတည့်တာကို ၈ ရက်နေ့မှာ ဒီကိစ္စ လုပ်မယ်ဆိုတာ အံသြစရာ ကောင်းတယ်။ သူတို့ ကိုဒီ ဂြိုလ်တွေ အနေအထား သိရက်နဲက သိလို့ဘဲ ဒီကာလကို ထားပြီးတော့ အချင်းချင်းတွေ စစ်မက်ဖြစ်ပွားအောင်ပဲလုပ်တာလား။ ဒီပြသသနာကို ပဲစဉ်းစားစရာ နံပါတ် ၁ ဖြစ်တယ်။ ဒါမှမဟုတ်ရင်မသိလို့ဘဲလုပ်တာလား တော့မသိဘူး။ သိပ်သတိထားရမဲ့အကြောင်းအရာ ကတော့ ၃၀ ရက်နေ့အောက်တိုဘာက စပြီးတော့အားလုံးသော လူတို့ဟာ ငြိမ်ငြိမ်သက်သက် အေးအေးချမ်းချမ်းနဲ့ ပြသာနတွေကို ဒီလိုပဋိပက္ခ အသွင် ခိုက်ရန်ဖြစ်ပွားမူ မဖြစ်အောင်ထိန်း ကြပါ မထိန်းနိုင်ရင် ဒီတိုင်းပြည်ရဲ့ အနာဂါတ်ဟာ ကြောက်စရာကောင်းတယ်။ ကြောက်စရာကောင်းတယ် ဆိုတာ သွေးချောင်းစီးလာပြီဆိုရင် ပြသာနာဖြစ်တဲ့ နေရာတွေကို ငြိမ်ဝပ်ပိပြားအောင်တော့ သူတို့ စီမံအုပ်ချုပ်လိမ့်မယ်။ ဖြစ်ပေါ်တဲ့ နေရာဒေသတွေ ဥပမာ မုံရွာမှာ ဖြစ်တဲ့နေရာမှာ စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာပြီးတော့ မာရှယ်လော တို့ထုတ်ကြတယ်။ အဲဒီလို ဒေသအလိုက် မှာ ပဋိပက္ခတွေ အကြမ်းဖက်မူတွေဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် အထိကရုန်းတွေ ဖြစ်လာခဲ့မယ်ဆိုရင် ဒီကိစ္စ က တိုင်းပြည်တစ်ခုလုံးကြီးမဟုတ်ပေမဲ့ ဖြစ်နေတဲ့ဒေသ တွေ အဲဒီမှာ စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ကြမလား။ ဒီလိုလေးတွေ စဉ်းစားစရာရှိတယ်။ ဒီအခွင့်အရေးကြီးက အရှေ့တောင် အာရှမှာ နိုင်ငံရေး အပွင့်လင်းဆုံးနဲ့ နိုင်ငံရေးအနေ အထားအဖွံဖြိုးဆုံက ကျွန်တော်တို့မြန်မာနိုင်ငံပဲ။ တစ်ခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့မှာ အခုလို နိုင်ငံရေး အကြောင်း ပြောခွင့်တွေ ရှိတယ် ဟောခွင့်တွေရှိတယ်။ တစ်ခြားနိုင်ငံတွေ ယိုးဒယားမရဘူး ။ အာဏာသိမ်းထား တယ်။ စင်္ဂပူကလည်း မရဘူး။ မလေးမရဘူး။ အင်ဒိုနီးရှား မရဘူး။ ဗီယက်နမ် မရဘူး။ ဒီလိုကြားထဲမှာ ဒီလိုကောင်းနေတဲ့ အနေအထားလေးကို ဒီမိုကရေစီ ဖွံဖြိုးမူ ဘက် အားသာနေတဲ့ အနေအထားလေးမှာ သူတို့လုပ်လုပ်မလုပ်လုပ် ဒီဟာကြိုတင်သိပြီး အားလုံးကထိမ်းနိုင်ရင်ကောင်းလိမ့်မယ်။ နောက်တစ်ခုက စိုးရမ်စရာတစ်ခု က မင်းအချင်ချင်းဆိုတဲ့ စကားလေးကပါလာပြန်ပြီ။ မင်းဆိုတာက သူတစ်လူ ငါတစ်မင်း ဆိုပြီးဗေဒင် စကားလေးမှာ ထည့်ပြောတယ်။ဒေသအသီးသီးမှာ လက်နက်ကိုင်ဆွဲပြီး တိုက်ပွဲဝင်နေသူတွေက တိုက်ပွဲ မဝင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ငြိမ်းချမ်းရေးကို ဝိုင်းပြီးလက်မှတ်ထိုးမဲ့ သူကထိုးမှာပဲ။ မထိုးဘဲ ကျန်တဲ့နေရာတွေ ရှိမှာပဲ။ ဘာကိုလေ့လာကြည့်လည်း ဆိုတော့ ကျနော်တို့ လေ့လာကြည့်တာ တနင်္ဂနွေနေ့မှာ လုပ်မယ်ဆိုရင် အဲဒီနေ့မှာ အရှေ့မြောက် အရပ် မှာ ရန်ဖြစ်နိုင်တယ်။ မြောက်ပိုင်းအရပ်တွေ မှာ ရန်ဖြစ်နိုင်တယ်။ ဒီကိစ္စနဲ့ ပါတ်သတ်ပြီး ရင် မြောက်ပိုင်း တိုင်းတို့ အရှေ့မြောက်ပိုင်းတိုင်းတို့မှာ စစ်မက်လေးတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိမယ်။ စစ်မက်ဖြစ်ပွားမူတွေရဲ့ သဘာဝမှာ ဒီ ၂၀၁၅ ဂြိုလ်တွေ အနေအထားအရ ရာဟုရယ် အင်္ဂါဂြိုလ်ရယ် သောကြာဂြိုလ်ရယ် ကန်ရာသီမှာ ကူးတဲ့ နိုဝင်ဘာ ၄ ရက်နဲ့ နိုဝင်ဘာ ၃၀ အတွင်းကာလတွေမှာ သွေးချင်းချင်းနီတဲ့ စစ်ပွဲတွေ ဟိုဝန်းကျင်ကဖြစ်ခဲ့တဲ့ လောက်ကိုင်က စစ်ပွဲမျိုး ကိုလည်း ကျွန်တော်တို့ ကသတိထားရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ငြိမ်းချမ်းမူကို ရအောင်တော့ အတော်လေးကိုကြိုးစားထား ရမယ်။ ဒါတွေက ဒီလို ဒီအချိန်မှာ ဖြစ်မယ်ဆိုတာ ကြိုသိရင် ကာကွယ်ယူလို့ ရတယ်။ ဒီအချိန်မှာ ဒီလို ဖြစ်တာကို မသိလိုက်ရင် ထိနိုင်တယ်။ ဗေဒင် ဟောတယ် ဆိုတာလည်း မိုးလေဝသ ဟောသလိုဘဲ။ ဒီအချိန်မှာ ရေကြီးနိုင်မယ် ဒီအချိန်မုန်တိုင်းဝင်နိုင် မယ် မုန်တိုင်းအဆင့် ကဘယ်လောက်ရှိမယ်။ ရေကြီးမူအဆင့် ကဘယ်လိုတော့ပြင်း ထန်တယ်ဒီလိုတော့ ကျွန်တော် ပြောမယ် ဒီအပေါ်မှာ လူတွေက မထိခိုက်အောင်တော့ ကာကွယ်ယူပြီးတော့ ဒီဟာတွေ ဖြတ်သန်း ရမှာလို့ ကျွန်တော် ယုံကြည်တယ်။ အဲဒါကတော့ ဒီဟာက ဒီလိုမျိုးဖြစ်တဲ့အတွက် လုပ်လုပ်မလုပ်လုပ် ဒီလိုဖြစ်ရမယ်တော့ မဟုတ်ဘူးပေါ့။ သူရဲ့ဖြစ်တည်မူကတော့ ဖြစ်ပေါ်နေမှာပဲ။ အဲဒါကိုသေးနိုင်သမျှ သေးအောင် ကြိုးစားဖို့အတွက် ကြိုတင်ပြီးတော့ ဒါတွေတင်ပြနေတာ ပါ။ ရွေးကောက်ပွဲ အကြိုမှာရော အကျော်မှာရော က အငြင်းအခုန်တွေ၊ တိုက်ပွဲတွေ၊ သွေးထွက်သံယိုတွေ ပဋိပက္ခတွေက လွှမ်းမိုးနေတာ အထင်အရှားရှိတယ်။
ကုမုဒြာ။ ။ရွေးကောက်ပွဲမှာရော မသမာတွေ အထိကရုန်းတွေ ကြောက်မက်ဖွယ် ဖြစ်ရပ်တွေရော ဖြစ်နိုင်လား။
စံဇာဏီဘို။ ။တစ်ယောက်နဲ့တစ်ယောက် အငြင်းအခုံဖြစ်စရာတွေရှိမှာ သေချာတယ်။ ငြင်းခုံပွဲတွေ ပဋိပက္ခ တွေ ရှိနိုင်တယ်။ ဒါကတော့ ရှင်းပါတယ် ငြင်းခုံတော့ ပဋိပက္ခ ရှိမှာပဲ။
ကုမုဒြာ။ ။ သမ္မတ ဖြစ်ဖို့ က အတိုက်အခံက အားကောင်းလား၊ အာဏာရပါတီက အားကောင်းလား ၊ တိုင်းရင်းသားထဲ ကအားကောင်းလား။
စံဇာဏီဘို။ ။ သုံးမျိုးထဲကစဉ်းစားမယ် ဆိုရင်တော့ တိုင်းရင်းသားအသီးသီးကတော့ ဒီအနေအထားနဲ့ဆို သူတို့ ဒေသဆိုင်ရာစစ်မက်ရေးရာတွေကို ငြိမ်းချမ်းရေး ဖြေရှင်း နေရတဲ့အတွက် တိုင်းပြည်သမ္မတ ဘက်ကိုတော့ သူတို့ သတ်မှတ်ထား တဲ့ အဆင့်ထိတော့ မရောက်သွားနိုင်ဘူး။ ဒီတော့ တိုင်းရင်းသားတွေ ကိုဖယ်ရမယ်။ တိုင်းရင်းသားထဲက တစ်ဦးတစ်ယောက်အနေနဲ့ သမ္မတ အဖြစ်ရောက်ဖို့တော့ အတော် အတန် ခက်ခဲပါတယ်။ ဒီအချိန်မှာ ကြည့် ကြမယ်ဆိုရင် ငြင်းခုန်ခြင်းနဲ့တိုက်ပွဲ ဖြစ်ခြင်းဆိုတာ ကအောင်နိုင်သူက ဆက်အောင်နိုင်နေရင် ဘာအငြင်း အခုန်မှ မရှိဘူး ဘာတိုက်ပွဲမှ မရှိဘူး။ ဘာမှ ပြသာနာ မရှိဘူး။ ဘောလုံးပွဲတစ်ပွဲ မှာ နိုင်မယ်လို့ထင်ထားတဲ့သူက နိုင်နေရင် ဒီပွဲက မဆူဘူး။ ညစ်တဲ့ ဒါမှမဟုတ် မထင်တဲ့ တစ်ခုက ဖြစ်လာရင် ပွဲဆူမယ်။ အဲတော့ အတိုက်အခံဘက်က အားသာလာတဲ့ အတွက် ပဋိပက္ခ တွေ ဖြစ်ဖို့အားသန်တယ်။ ပြီးတော့ မြန်မာပြည်ရဲ့ အနာဂါတ်က လာမဲ့ ဇန်နဝါရီလကျော်ရင် မြန်မာပြည်ရဲ့ လွပ်လပ်ရေးရသက်တမ်း ၆၉ နှစ် ပြည့်မယ်။ အဲဒီအချိန်မှာ မြန်မာပြည်ရဲ့ အနေအထားမှာ အပြောင်းအလဲ တစ်ခုရှိမယ်။ အဲအတွက်ကြောင့် ရှိရင်းဆွဲ အနေအထားနဲ့ မတူတဲ့ အကြောင်းရင်းကတော့ ရှိမယ်။ အဲ့အတွက် တိုင်းရင်းသား အုပ်စုထဲကလည်း မဖြစ်နိုင်ဘူး လက်ရှိထဲ ကလည်း မဖြစ်နိုင်ဘူး အပြောင်းအလဲနဲ့ အသစ် ဆိုရင် အတိုက်အခံ ထဲကဖြစ်ရမယ်။
ကုမုဒြာ။ ။ သမ္မတဖြစ်မဲ့နေရာက အမျိုးသမီး အားကောင်းလား အမျိုးသားအားကောင်းလား။
စံဇာဏီဘို။ ။ ကျွန်တော်ကတော့ အဆင်အဆက် မြန်မာနိုင်ငံရဲ့ အနာဂါတ်ကတော့ အမျိုးသမီး အစစ အရာရာ ပြောင်းလဲဖို့ ဆိုရင် နှစ်ကာလရှည်ကြာ အမျိုးသားများ ကအုပ်ချုပ်ရာမှ ဒီနံပါတ် သည် ၆၈ ပြည့်ပြီး ၆၉ ဆိုတဲ့ အချိန်ကတော့ အများလည်း သိတဲ့ အတိုင်း နံပါတ်ဒီဂဏန်းကတော့ အမျိုးသမီးနဲ့ ပါတ်သတ်တဲ့အတွက် အမျိုးသမီး ဦးဆောင်မူ ကတော့ အားသာမယ်ဆိုတာ သေချာတယ်။
ကုမုဒြာ။ ။ ရွေးကောက်ပွဲအလွန်ကာလမှာ ရွေးကောက်ပွဲကြောင့် မြန်မာပြည်ရဲ့စီးပွားရေး အပေါ်သက်ရောက်မူ ရှိမလားဆရာ။
စံဇာဏီဘို။ ။ကျွန်တော် တွက်ကြည့်တဲ့ အနေအထားအရဆိုရင် လာမဲ့ ဖေဖေါ်ဝါ ရီ မတ် ဧပြီ ၂၀၁၆ ဇွန် အထိဆိုပါတော့ ဒါတွေကို ပြုစုနေတယ်။ အဲဒီမှာ တွေ့ရှိချက်တွေ အရတော့ စီးပွားရေး ဦးမော့မူ တွေ အတော်လေးနည်းနေတယ်။ ကုန်ဈေးနုန်းက ဇန်နဝါရီဆို ရင် အောက်တိုဘာရဲ့ လေးဆ ဝန်းကျင်သွားမယ်။ နောက် အောက်တိုဘာ မှာလှောင်တဲ့ ပစ္စည်းလေးတွေ ကဟိုဘက် နောက် ၆ လကျော်မှာ အဆ များစွာ မြတ်မယ်ဆိုရင် ဒီအကြောင်းရာ ကိုတွေ့နေတာကြောင့် လာမဲ့ ဇန်နဝါရီနဲ့ဧပြီ ကြားထဲမှာ လက်ရှိထက် ကုန်ဈေးနုန်း အနေ အထားနဲ့ ဖြစ်ပေါ်မူ အနေအထား အဆမတန် မြင့်မယ်ဆိုရင်တော့ ဒီကုန်ဈေးနုန်းရဲ့ မြင့်မားမူ နဲ့ ကုန်ပစ္စည်းရှားပါးမူတွေ ကို လည်း ဆက် တွေ့ရတယ်။ အဲဒီ အကြောင်းအရာ နှစ်မျိုးကတော့ စီးပွားရေးမှာ လူတို့ရဲ့တစ်ယောက်ချင်းသုံးနိုင်တဲ့ ငွေကြေးအနေ အထားလျော့ကြသါားနိုင်တယ်။ နှစ်အချက် လူတို့ရဲ့ သုံးငွေနှစ် ခုကမျှတမူ မရှိနိုင်ဘူး။ လိုငွေပြလာမယ်။ နံပါတ်သုံးစီးပွားရေး မှာ ကုန်သွယ်မူ မှာ ဒီမှာ လိုအပ်တဲ့ ပစ္စည်း တွေကို ပြင်ပ ကနေ မှာယူရတဲ့အတွက် ကျွန်တော် တို့ဘက် ကကုန်သွယ်မူ ဘက်မှာလည်း အတော်လေးကို ခဲယဉ်းလာမဲ့အတွက် အတော်လေးကို ကုန်သွယ်ရေးစီးပွားရေး ဒီအချက်တွေ ကအားနည်းလာမယ်။ ဒီအပြင် လာမဲ့နှစ်ရဲ့ ရာသီဥတု အနေအထားမှာ အခြေအနေ ကတော့ ကျန်းမာ ရေးကို နည်းနည်းလေး ယုတ်လျော့ လာတာတွေ့ရမယ်။ လာမဲ့နှစ် သင်္ကြန်စာ အလိုအရ သိကြားမင်း ဟာ ကျွဲကိုစီးပြီး နောက်တစ်ဖက် ကပန်းခက်ကိုင်မယ် နောက်တစ်ဖက်က ရေအိုးကိုင်ပြီး အရှေ့အရပ်ကဆင်းပြီး တောင်အရပ်ကို သွားမယ်။ ဒီပုံသဏ္ဍန် အနေအထားအရ ပြသာနာမရှိသေးဘူး ကောင်းတယ်။ ဒါပေမဲ့ ဗြမာ့ ဦးခေါင်းလက်ပြောင်းတဲ့အခါမှာ လက်ခံသော နတ်သမီး ကငိုယိုပြီးမှာ လက်ခံမယ် ဒါက သိပ်သတိထားရမဲ့ အဖြစ်ပဲ။ အဲတော့လက်ခံသူက လာမဲ့ ဗြဟ္မာ ဥိးခေါင်းလက်ပြောင်းမဲ့နှစ် သင်္ကြန်စာ အလိုအရ ဗြမာ့ ဦးခေါင်းကို ပေးလို့ လက်ခံမဲ့နတ်တွေ က ငိုနေတယ် ဆိုတာ တိုင်းပြည်ရဲ့စီးပွားရေးလူမူရေးတို့မှာ နည်းနည်းသတိ ထားရမဲ့ အဆင့်မှာ ရှိနေတယ် လို့ ကျွန်တော်တို့ ကသတိထားရပါတယ်။ အဲတော့ အားလုံကတော့ လာမဲ့အနာဂါတ် ကို အားလုံးဝိုင်း ပြီးကြိုးစားကြမှ သင့်တော်မယ်လို့ ကျွန်တော်ယူဆတယ်။ အားလုံးကတော့ တိုင်းပြည်ကို စည်းကမ်းတကျ နဲ့ ထူထောင်ဖို့တော့လိုအပ်တယ်။
ကုမုဒြာ။ ။ အစွန်းရောက်တဲ့ ပြသနာတွေ ရော ဖြစ်လာနိုင်လားခင်ဗျ။
စံဇာဏီဘို။ ။အစွန်းရောက်တဲ့ ပြသာနာတွေက ဖြစ်နိုင်တာပေါ့။ အခုဖြစ်ပေါ်မူ ကအားလုံက Extremist တွေကြောင့် ဖြစ်နေတဲ့ အနေအထားတွေကို တွေ့ရတယ်။ အကြမ်းဖက်မူ အားလုံးကို Anarchism (မင်းမဲ့စရိုက်ဝါဒ) လို့ခေါ်မယ်။ Anarchism ရဲ့ ဖြစ်ပေါ်မူကို ကြည့်ရင် အစွန်းရောက် မူတွေပါမယ်။ နောက်ပြီးတော့ Sectarian ( ဂိုဏ်းဂနကွဲမူ) တွေပါလာမယ်။ ဒီသဘာဝတွေကြောင့် စစ်မက်တို့ အကြမ်းဖက် မူတို့ ပါလာမယ်။ အဲဒီကနေ Anarchism ကိုနွယ်လာမယ်။
ကုမုဒြာ။ ။ နောက်ဆုံးအနေနဲ့ လက်ရှိအမတ်လောင်းတချို့ ရဲ့ ယတြာ လုပ်ရပ်တွေအပေါ် အားထားလာမူ ဆရာရဲ့သုံးသပ်ချက်ကိုပြောပေးပါခင်ဗျ။
စံဇာဏီဘို။ ။ဒါက ဗေဒင်ပညာကို ရယ်ဖွဲ ဖွဲ့တဲ့အရာတွေဖြစ်တယ်။ ဈေးခေါင်မိုးထိပ်မှာ သွားပြီးတော့ ကျောက်ဖရုံသီးချိတ်ခြင်း က ဗေဒင် ပညာနဲ့ဘာမှ မဆိုင်ဘူး။ ဘယ်ဗေဒင် ဘယ်ကျမ်းဘယ်အရာနဲ့မှ မဆိုင်ဘူး။ ဒီကိစ္စ ဗေဒင်နဲ့လာပြော ရင်ကျွန်တော်တို့ လုံးဝ လက်မခံဘူးဗျ။ ဒီဟာမျိုးဘယ်ဗေဒင်မှ လည်း မသင်ဘူး လုပ်လည်းမလုပ်ဘူး ထုံးစံလည်း မရှိဘူး ။ ဗေဒင်တို့ ဝေဒတို့ ဗေဒင်နဲ့ပါတ်သတ်တဲ့ နက္ခတ်တို့ ဗေဒင်နဲ့ပါတ် သတ်တဲ့ တွက်ချက်မူ ကို လာပြီးတော့ထိခိုက်စရာ ရယ်ဖွဲ ဖွဲ့စရာ ရှက်ဖွယ် ဖြစ်လာတယ်။ ဒါတွေက ဗေဒင်နဲ့မပါတ်သတ်တဲ့ အတက်နဲ့မဆိုင်တဲ့ အုပ်စုတွေ နတ်ဒေဝါတာ တွေဖြစ်ရင်ဖြစ်မယ်။ အခြားသော အဝိဇာ တွေ ဖြစ်မယ် ။ ကျွန်တော်တို့နဲ့ မပတ်သတ် တဲ့ ဝိညဉ်လောကနဲ့ ယုံစားတဲ့ သူတွေ ဖြစ်ကောင်းဖြစ်မယ်။ သူတို့ ကနေ့ ဒိလို တူနံတူ တွေနဲ့ တူအောင် လိုက်ညှိပြီးတော့ ဒီလိုလုပ်တာမျိုးဖြစ်မယ်။ ဒါဗေဒင်ပညာတော့ တဇိုးတစိမှ မပါဘူး။ ဒီကိစ္စ ကဗေဒင်နဲ့ပတ်သတ်တဲ့ ယတြာ လုံးဝမဟုတ်ဘူး။
ကုမုဒြာ။ ။ဘာတွေများထပ်မံပြောချင်တာတွေရှိပါသလဲ။
စံဇာဏီဘို။ ။ အားလုံးပြောချင်တာကရွေးကောက်ပွဲအတွက် ဘယ်သူနဲ့မှလည်းငြင်းခုံ မနေကြပါနဲ့။ ကိုယ်ပေးချင် တဲ့ဟာ ကိုယ်ဟာကိုယ့် အေးအေးဆေးဆေး သိုသိုသိပ်သိပ်နဲ့ သွားသာပေးကြပါ။ ရန်တွေလည်း ဖြစ်မနေကြပါနဲ့။ ပဋိပက္ခ ကိုယ့်အတွက်ကိုယ် မဖြစ်အောင်အတွက်ကို ငြိမ်ငြိမ်သက်သက်လုပ်ပေးကြ ရင်ကောင်းသွားမှာ ပေါ့။ သူတို့ ကကျောက်ဖရုံသီး ချိတ်ရင် ကိုယ့်က ဖရဲစေ့ ကွာစေ့ လေးတွေစားပေးလိုက်ပါ ဗျာ ဖရိုဖရဲ ဖြစ်သွားမှာပေါ့။
Author ကိုသက်ဖြိုး
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment