မုန်တိုင်း သတိပေးချက် ရှယ်ပေးကြပါ
ဒီထဲက သတိထား ရှောင်ရမဲ့ ဒေသ ကျေးရွာတွေမှာ
အင်တာနက် မရှိလို့  ဖုန်းဆက်ပေးကြပါ ခင်ဗျား ။
ဘင်္ဂလားပင်လယ်ထဲက မုန်တိုင်း
မူလခန့် မှန်းထားတဲ့ လမ်းကြောင်းကို သွေဖီပြီး
ဘင်္ဂလားဒေ့်ရှ် ကမ်းစပ်မှ တဆင့်
မြန်မာပြည်ကို ဝင်လာမယ် ။
မကွေး
တပ်ကုန်း
ပျော်ဘွယ်
မိတ္ထီလာ
ပခုက္ကူ ဒေသအတွင်း
လေပြင်းများ တိုက်ခတ်နိုင်ပါတယ် ။
မိုးကြီးနိုင်ပါတယ် ။
မုံရွာ
မန္တလေး
မြင်းခြံ
ညောင်ဦး ဒေသတွင်းမှာ
လေပြင်းက မိုင်၅၀ ဝန်းကျင်မှာ ရှိနိုင်ပါတယ် ။
၉ ရက်နေ့  ညနေ ၅ နာရီမှာ
ပင်လယ်မုန်တိုင်း လေနဲ့ 
မြောက်ဖက်က ဆင်းလာတဲ့ လေထု
ထိပ်တိုက် တွေ့ ကြပြီး
ဟုမ္မလင်း
ဖေါင်းပြင်
ပင်လယ်ဘူး
ဗန်မောက် ။
တီးတိန်
မော်လိုက်
ကလေး ။
မြစ်ကြီးနား နဲ့  အထက်
မောင်းတော
စစ်တွေ
ကျောက်ဖြူ
သံတွဲ
မာန်အောင်
တောင်ကုတ်
ဂွ
ငွေဆောင်
ပုသိမ်
လပွတ္တာ
တို့ မှာ ကြောက်မက်ဖွယ်ရာ
မိုးသည်းထန်စွာ ရွာနိုင်ပါတယ် ။
နေ့ နဲ့  အချိန် ခန့် မှန်းတွေက
ပုံမှာ ထည့်ပေးထားပါတယ် ။
ပြောင်းလဲမှု များကို ထပ်မံ ရေးသားပါမယ် ။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဖေ့ဘုတ်·
=================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ
(၂၀၁၅ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့
မြန်မာစံတော်ချိန်(၁၈း၃၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့မြန်မာစံတော်ချိန် (၁၈း၀၀)နာရီအချိန် တိုင်းထွာချက်များအရ
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော
လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း
ပိုမိုအားကောင်းလာနိုင်မည်ဟု ခန့်မှန်းရပါသည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင်
ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်
တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့်
စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်းဒေသကြီး၊
မကွေးတိုင်းဒေသကြီး၊
ပဲခူးတိုင်းဒေသကြီး၊
ဧရာဝတီတိုင်းဒေသကြီး၊
ရန်ကုန်တိုင်းဒေသကြီး၊
ကချင်ပြည်နယ်၊
ရှမ်းပြည်နယ်၊
ချင်းပြည်နယ်နှင့်
ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ
နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊
ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
သို့ဖြစ်ပါ၍ မြစ်ဝကျွန်းပေါ်၊
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊
ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်
ကြိုတင်သတိပြု ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။
ကြေးမုံသတင်းစာ
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment