Monday, October 5, 2015

အချုပ်အခြာအာဏာကို ကာကွယ်ရမည် *************************** - ကပ္ပလီပင်လယ်အောင်အတွင်းမှာ မျောပါနေတဲ့ လှေစီးဒုက္ခသည်များအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ လိုအပ်တဲ့ဖြေရှင်းဆောင်ရွက်မှုတွေကို တုံ့ပြန် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများရဲ့ အကျိုးစီးပွားနဲ့အချုပ်အခြာအာဏာကို ကာကွယ်ရမှာဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ တာဝန်သိတဲ့ တာဝန်ယူတဲ့ နိုင်ငံ တစ်နိုင်ငံအနေနဲ့ လှေစီးဒုက္ခသည်များကို ကယ်ဆယ်ဆောင်ရွက်နိုင်ဖို့နဲ့ လူသားချင်းစာနာတဲ့ အကူအညီများ ပေးအပ်ပြီး ၎င်းတို့ရဲ့ နေရပ်ကို ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ - မြန်မာနိုင်ငံအနေနဲ့လည်း လူမှောင်ခိုကုန်ကူးမှုများနဲ့ တရားမ၀င် ထွက်ပြေးစွန့်ခွာမှုတွေရဲ့ အဓိက ဇာစ်မြစ်ဖြစ်တဲ့ အလုပ်အကိုင်ရှားပါးမှုနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့ကို အာရုံစိုက် လုပ်ဆောင်နေ ပါတယ်။ ရခိုင်ပြည်နယ်မှာလည်း ပြည်တွင်းမှီတင်းနေထိုင်ကြသူများရဲ့ လူမှု စီးပွားဘ၀ မြှင့်တင်နိုင်ရေး အစီအမံများကို အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းမှ

အချုပ်အခြာအာဏာကို ကာကွယ်ရမည်
***************************
- ကပ္ပလီပင်လယ်အောင်အတွင်းမှာ မျောပါနေတဲ့ လှေစီးဒုက္ခသည်များအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ လိုအပ်တဲ့ဖြေရှင်းဆောင်ရွက်မှုတွေကို တုံ့ပြန် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူများရဲ့ အကျိုးစီးပွားနဲ့အချုပ်အခြာအာဏာကို ကာကွယ်ရမှာဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာ တာဝန်သိတဲ့ တာဝန်ယူတဲ့ နိုင်ငံ တစ်နိုင်ငံအနေနဲ့ လှေစီးဒုက္ခသည်များကို ကယ်ဆယ်ဆောင်ရွက်နိုင်ဖို့နဲ့ လူသားချင်းစာနာတဲ့ အကူအညီများ ပေးအပ်ပြီး ၎င်းတို့ရဲ့ နေရပ်ကို ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။
- မြန်မာနိုင်ငံအနေနဲ့လည်း လူမှောင်ခိုကုန်ကူးမှုများနဲ့ တရားမ၀င် ထွက်ပြေးစွန့်ခွာမှုတွေရဲ့ အဓိက ဇာစ်မြစ်ဖြစ်တဲ့ အလုပ်အကိုင်ရှားပါးမှုနဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးတို့ကို အာရုံစိုက် လုပ်ဆောင်နေ ပါတယ်။ ရခိုင်ပြည်နယ်မှာလည်း ပြည်တွင်းမှီတင်းနေထိုင်ကြသူများရဲ့ လူမှု စီးပွားဘ၀ မြှင့်တင်နိုင်ရေး အစီအမံများကို အာရုံစိုက် လုပ်ဆောင်နေပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းမှ

No comments:

Post a Comment