အင်္ဂါဂြိုဟ်မှာ ဗုဒ္ဓရုပ်တုတော် အဆင်းသဏ္ဍာန်တစ်ခုတွေ့ရှိ
အင်္ဂါဂြိုဟ်မှာ တွေ့ရတဲ့ ဗုဒ္ဓရုပ်ပွားတော်နဲ့ ဆင်တူတဲ့ အသွင်သဏ္ဍာန်တစ်ခုက အသိဥာဏ်ရှိ သက်ရှိတွေ ဒီနေရာမှာရှိခဲ့ဖူးကြောင်း သက်သေအထောက်အထားပင် ဖြစ်တယ်လို့ UFO ဖမ်းယူသူများ အဆိုအရ သိရပါတယ်။
UFO Sightings Daily က လူတွေဟာ အဲဒီဂြိုဟ်ပေါ် ထူးဆန်းတဲ့ အရိပ်ယောင်တစ်ခု တွေ့ရှိခဲ့ပြီး ဒါကို ကမ္ဘာက မှတ်တမ်းတင်သင့်ကြောင်း သူတို့ယူဆကြတယ်။
ဒီဓာတ်ပုံတစ်ခုနဲ့တင် အင်္ဂါဂြိုဟ်ပေါ် တချိန်က အသိဥာဏ်ရှိတဲ့ သက်ရှိ တည်ရှိခဲ့ဖူးကြောင်း United Nations ကို လက်ခံယုံကြည်စေဖို့ လုံလောက်ပါတယ်။ ဒါပေမယ့် NASA မှ ဒီအဖြစ်မှန်ကို ဘယ်သူမှ မသိစေချင်ပါဘူး။ ဘာလို့ လဲဆိုတော့ သူတို့ရှာတွေ့ထားတဲ့ အချက်အလက်တွေနဲ့ နည်းပညာကို မျှဝေဖို့ တောင်းဆိုခံရမှာမို့ ဖြစ်တယ်လို့ Scott Waring က ရေးသားခဲ့တယ်။
ဗုဒ္ဓရုပ်ပွားတော်တွေ့တာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။
အရင်က ဗုဒ္ဓဘုရားနဲ့ဆင်တူတဲ့ စိတ်ဝင်စားစရာ ရုပ်သွင်တချို့ မျှဝေခဲ့ဖူးပါတယ်။
ဒီအကြိမ်မှာတော့ ရင်သားများ၊ ပြည့်ပြည့်ဖြိုးဖြိုး ဝမ်းဗိုက်နဲ့ ပခုံးတွေအပါ မျက်နှာနဲ့ ခေါင်းက ညာဘက်လှည့်ထားတာ တွေ့ရတယ်လို့ Mr Waring က ရေးသားထားပါတယ်။
ဒီဓာတ်ပုံထဲရှိတာက အလွန်ထူးခြားတဲ့ အသေးစိတ်အချက်အလက်တွေပါပဲ။
အင်္ဂါဂြိုဟ်ပေါ် မကြာသေးမိတွေ့ရှိထားတဲ့ တခြားအရာတွေက floating spoon ၊ space crab နဲ့ Martian version of Stonehenge တွေပါဝင်ပါတယ်။
Ref: Mirror
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment