Monday, October 12, 2015

ကိုရီးယားစတိုင် Toast ပြုလုပ်နည်း ------------------------------

ကိုရီးယားစတိုင် Toast ပြုလုပ်နည်း
-------------------------------------
ပါဝင်ပစ္စည်းများ.. ...
-
ပေါင်မုန့် - ၂ ချပ်
ထောပတ် - အနည်းငယ်
ကြက်ဥ - ၂ လုံး
ကြက်သွန်နီ - ၁ လုံး
ခရမ်းချဉ်သီးဆော့ - ၁ ဗူး
Honey Mustard ဆော့ - ၁ ဗူး
ဂေါ်ဘီ+မုန်လာဥနီ - အနည်းငယ်
ဆား+ငရုပ်ကောင်းမှုန့် - အနည်းငယ် နှင့်
မိမိကြိုက်နှစ်သက်ရာ ဝက်,ကြက် အသားပြားတို့ပဲဖြစ်ပါတယ်....
ပထမဆုံး ဒယ်ပြားကိုအပူပေးပြီး ထောပတ်အနည်းငယ်မျှထည့်ကာ ပေါင်မုန့်ကိုကြော်ပါ ပေါင်မုန့်မျက်နှာပြင်နှစ်ဖက်စလုံး အရောင်တူညီ ကျက်သွားပါက ပန်းကန်ပြားတစ်ခုထဲသို့ထည့်ထားပါ။
ဂေါ်ဖီ နှင့် မုန်လာဥနီကိုပါးပါးလှီးပြီး ပန်းကန်လုံးတစ်ခုထဲသို့ထည့်ပါ။ ကြက်ဥနှစ်လုံးကိုဖောက်ထည့်ကာ ဆားနှင့်ငရုပ်ကောင်းမှုန့်အနည်းငယ်ဆီထည့်၍ ရောမွှေပေးပါ။ ထို့နောက်...ဒယ်ပြားထဲသို့ ထောပတ်အနည်းငယ်မျှထပ်ထည့်ပြီး ပုံတွင်ပြထားသည့်အတိုင်း အဝိုင်းလိုက် အပြားပုံဖြစ်အောင် တစ်ဖက်ဆီလှန်ပြီးကြော်ကာ ပန်းကန်ပြားတစ်ခုထဲသို့ထည့်ထားပါ။
ပုံတွင်ပြထားသည့်အတိုင်း....ကြော်ထားသည့်ပေါင်မုန့်ပေါ်သို့ ခရမ်းချဉ်သီးဆော့ဆမ်းပါ။ ကြော်ထားသည့် ကြက်ဥအရွက်ကြော်အချပ်လိုက်တင်ပါ ။မိမိကြိုက်နှစ်သက်သည့် ရယ်ရီမိတ် ကြက်,ဝက် အသားပြားတစ်ပြားတင်ပါ(အသားပြားကို ဒယ်ပြားပေါ်တွင် အနည်းငယ်အပူပေးရန်လိုပါသည်။)အပေါ်မှ ကြက်သွန်နီကိုအကွင်းလိုက်လှီးပြီး တင်ပါ...အပေါ်ဆုံးတွင် Honey Mustard ဆော့ဆမ်းကာ ပေါင်မုန့်တစ်ပြားအပေါ်မှအုပ်၍ အရသာရှိစွာဖြင့် အသင့်စားသုံးနိုင်ပါသည်။(မှတ်ချက်။ ။ ခရမ်းချဉ်သီးကြိုက်နှစ်သက်ပါကခပ်ပါးပါးအကွင်းလိုက်လှီးပြီး ကြက်သွန်နီနှင့်အတူထည့်နိုင်ပါသည်။ အချို့ကမကြိုက်ကြ၍လည်းကောင်း....ခရမ်းချဉ်သီးဆော့ အသုံးပြုထား၍လည်းကောင်း ထည့်မရေးတော့ပါ။)
ကျေးဇူးတင်ပါသည်။

ဇွဲသုသု...



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment