“သမ္မတကိုဘယ်သူတွေကဘယ်လိုရွေးချယ်သလဲ “
Sunday, September 20, 2015
မြန်မာနိုင်ငံမှာ ကျင့်သုံးတဲ့ဥပဒေအရ ရွေးကောက်ပွဲတွေမှာ သမ္မတကို ပြည်သူတွေကတိုက်ရိုက်မရွေးချယ်နိုင်ပါဘူး။ မဲဆန္ဒရှင်တွေက မဲပေးလိုက်လို့ အနိုင်ရသွားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေစုပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကသာ သမ္မတကို ရွေးချယ်နိုင်တာပါ။
ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားလွှတ်တော်နဲ့ပြည်သူ့လွှတ်တော်ဆိုပြီး နှစ်ရပ်ရှိတဲ့ထဲက လွှတ်တော်တစ်ရပ်စီက တပ်မတော်သားကိုယ်စားလှယ်တွေမပါဝင်တဲ့ အရပ်သားကိုယ်စားလှယ်တွေက ဒုသမ္မတ တစ်ဦးစီကို ရွေးချယ်အဆိုပြုရပါမယ်။
လွှတ်တော်နှစ်ရပ်လုံးမှာပါတဲ့ တပ်မတော်သားကိုယ်စားလှယ်စုစုပေါင်းထားတဲ့အစုအဖွဲ့ကနေလည်းဒုသမ္မတစ်ဦးကို ရွေးချယ်အဆိုပြုမှာပါ။
ဒါကြောင့် လွှတ်တော်နှစ်ရပ်ကကိုယ်စားလှယ်တွေရွေးချယ်ပေးလိုက်တဲ့ ဒုသမ္မတနှစ်ဦးနဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ရွေးချယ်ပေးထားတဲ့ ဒုသမ္မတ တစ်ဦး စုစုပေါင်း ဒုသမ္မတ သုံးဦးထဲက မဲအများဆုံးရတဲ့သူက သမ္မတဖြစ်မှာ ဖြစ်ပြီး ဒုတိယမဲအများဆုံးရတဲ့သူက ဒုသမ္မတ(၁)၊တတိယမဲအများဆုံးရသူက ဒုသမ္မတ(၂) ဖြစ်လာမှာပါ။
ဒါကြောင့်သမ္မတဘယ်သူဖြစ်မလဲဆိုတာဟာ မဲဆန္ဒရှင်ပြည်သူတွေရွေးချယ်ပေးလိုက်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်သူ့ကို ဒုသမ္မတအဖြစ်တင်မြောက်ဖို့ အဆိုပြုခဲ့ပြီး ဒုသမ္မတတွေထဲက ဘယ်သူ့ကို မဲအများဆုံးပေးခဲ့လဲဆိုတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲပေါ်မှာပဲ မူတည်ပါတယ်။
7Day News Journal
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment