ဖားကန့်မြို့နယ် ကောင်းရာကျေးရွာ KIA ပြည်သူ့စစ်တပ်ဖွဲ့ဝင်(၃)ဦးမှ ဒေသခံ(၂)ဦးအား လူသစ်အဖြစ် အတင်းခေါ်ဆောင်ခဲ့ရာ လမ်းတွင်(၁)ဦးထွက်ပြေး
=========================================
12, September, 2015 By Kachin People
၂၀၁၅ ခုနှစ် စက်တင်ဘာ (၁၁)ရက်နေ့က ဖားကန့်မြို့နယ်၊ ကောင်းရာကျေးရွာနေ KIA ပြည်သူ့စစ်မှ ဦးရှားဇော်ဂန်၊ ဦးဝန်စုထန်ဂွန်း၊ ဦးခွန်ညဏ်ဇော်မှိုင်တို့(၃)ဦးသည် ကာမိုင်းမြို့ အထွက် တောင်ယာလုပ်ကိုင်နေသူ မောင်လနန် ကချင်/ခရစ်ယာန် တောင်သူ ကောင်းရာကျေးရွာ၊ ကာမိုင်းမြို့နေသူနှင့် မောင်ဒီရော်ဂန် ကချင်/ခရစ်ယာန် လိမ်စာတူ (၂)ဦးတို့အား ဆိုင်ကယ်(၃)စီး ဖြင့် လူသစ်အတွက် ခေါ်ဆောင်သွားခဲ့ရာ ကားမိုင်း-ဖားကန့်လမ်း နန့်စီးအင်ကျေးရွာ အရောက် တွင် မောင်လနန်မှာ ဆိုင်ကယ်ပေါ်မှ ခုန်ချထွက်ပြေးလာခဲ့ကြောင်း သိရှိရသည်။
မောင်လနန်မှ ဆိုင်ကယ်ပေါ်မှ ခုန်ချထွက်ပြေးပြီး နောက်မှ လိုက်ဖမ်းနေသည့်အတွက် အနီးရှိ တပ်စခန်း(၁)ခုအား ၀င်ရောက်နားခိုခဲ့ကြောင်း ကြားသိရပါသည်။
ထို့နောက် မောင်လနန် ပြောပြချက်အရ အဆိုပါ ပြည်သူ့စစ်(၃)ဦးမှာ လူသစ်အတွက် ကာယကံရှင်၏ ဆန္ဒမပါပဲ အတင်းအဓမ္မ ခေါ်ဆောင်ကာ ကားမိုင်းမြို့ မြို့မရပ်ကွက်(၄)ရှိ ဦးချချိ၏ နေအိမ်တွင် စုဆောင်း ထားရှိကြောင်း စုစုပေါင်း (၇)ဦးခန့် ရှိပြီဖြစ်ကြောင်း သိရှိရသည်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment