Saturday, September 19, 2015

မြန်မာ ယူ ၁၉ နဲ့ ထိုင်း ယူ ၁၉ အသင်းတို့ရဲ့ ခြေစမ်းပွဲ MRTV က တိုက်ရိုက်ပြမယ် ------------------------------------

မြန်မာ ယူ ၁၉ နဲ့ ထိုင်း ယူ ၁၉ အသင်းတို့ရဲ့ ခြေစမ်းပွဲ MRTV က တိုက်ရိုက်ပြမယ်
---------------------------------------

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာရှချန်ပီယံရှစ် ယူ ၁၉ ပြိုင်ပွဲ ခြေစစ်ပွဲအတွက် ပြင်ဆင်တဲ့ အနေနဲ့ မနက်ဖြန်(စက်တင်ဘာလ ၂၀ ရက်နေ့) မှာ ယှဉ်ပြိုင်ကစားကြမယ့် မြန်မာ ယူ ၁၉ အသင်းနဲ့ ထိုင်းယူ ၁၉ အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်ကို MRTV ရုပ်သံလိုင်းက တိုက်ရိုက်ပြသသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုးမိုးကျော်က ပြောပါတယ်။

သုဝဏ္ဏကွင်းမှာ စက်တင်ဘာ ၂၀ ရက်နေ့ ညနေ ငါးနာရီမှာ ယှဉ်ပြိုင်မယ့် အဲ့ဒီ ခြေစမ်းပွဲကို MRTV Entertainment က တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပြီး ကွင်းဝင်ကြေး အဖြစ် အထူးတန်း လတ်မှတ်တစ်စောင်ကို ကျပ်နှစ်ထောင်၊ ရိုးရိုးတန်း လတ်မှတ်တစ်စောင် တစ်ထောင်ကျပ် သတ်မှတ်ထားတယ်လို့ သူကပြောပါတယ်။

မြန်မာအသင်းအနေနဲ့ အာရှခြေစစ်ပွဲ မယှဉ်ပြိုင်မီ ထိုင်းအသင်းနဲ့သာ ခြေစမ်းကစားခွင့် ရရှိခဲ့ပြီး ထိုင်းအသင်းဟာလည်း အာဆီယံဒေသတွင်း ချန်ပီယံအသင်း ဖြစ်တာကြောင့် အဲ့ဒီအသင်းနဲ့ ယှဉ်ပြိုင်ခွင့်ရတာဟာ မြန်မာအသင်း အတွက် လုံလောက်တဲ့ ပြင်ဆင်မှုဖြစ်တယ်လို့ မြန်မာ ယူ ၁၉ အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ခ်ျက ပြောပါတယ်။

အခု ခြေစမ်းကစားမယ့် အသင်းမှာ အဓိက ကစားသမားတချို့ မပါဝင်လာတာကြောင့် မြန်မာအသင်းကို ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြန်မာအသင်းဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာအား ကောင်းမွန်တာကြောင့် မိနစ်ကိုးဆယ်အတွင်း အင်အားပြည့် ကစားရမှာဖြစ်ပေမယ့် အနိုင်ရဖို့ ပြင်ဆင်ထားတယ်လို့ ထိုင်းအသင်းနည်းပြချုပ် Anurak Srukerd ကဆိုပါတယ်။

အာရှချန်ပီယံရှစ် ယူ ၁၉ ပြိုင်ပွဲ ခြေစစ်ပွဲ ယှဉ်ပြိုင်မယ့် မြန်မာယူ ၁၉ အသင်းဟာ အုပ်စု (ဆ) မှာ ဗီယက်နမ်၊ ဟောင်ကောင်၊ တီမော၊ ဘရူနိုင်းအသင်းတို့နဲ့ စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာ ၆ ရက်နေ့အထိ သုဝဏ္ဏကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment