Monday, September 8, 2014

ဟာသလေးပါ














အရက်အမူးသောက်လာကြတဲ့ သူငယ်ချင်းသုံးယောက်သား တစ်ယောက်ကို တစ်ယောက်မှီသိုင်းဖက်ရင်း အိမ်အပြန်လမ်းမတွင် တက္ကစီတစ်စီးလှမ်း တားလိုက်ကြတယ်။  ဝေါကနဲဆိုသလို ရှေ့ကို ထိုးရပ်လာတဲ့ တက္ကစီ ဒရိုင် ဘာက ခရီးသည်တွေကို အသေအချာကြည့်ကာ အတော်လေးမူးနေပုံရတာ  ကို အကဲခတ်မိသွားဟန်ရှိတယ်။

ဒါနဲ့ကားဒရိုင်ဘာလည်း သူ့ရဲ့ အမူးသမားခရီးသည်တွေကို လုပ်နေကျ လုပ်ကွက်အတိုင်းလုပ်လေရဲ့။ အမူးသမား သူငယ်ချင်းသုံးယောက် ဒယိမ်း ဒယိုင်နဲ့ ကားရှေ့ခန်း၊နောက်ခန်း အသီးသီးခွဲထိုင်ကြတယ်။
ကားတံခါးပိတ်ပြီး ကားထွက်ဖို့အသင့်ဖြစ်တော့ ဒရိုင်ဘာက ကားအင်ဂျင် ကို စပြီးနှိုးတယ်။ နောက်နိုးသွားတဲ့စက်ကို ချက်ချင်းဆိုသလို ပြန်ရပ်လိုက်ပြီး အမူးသမားခရီးသည် သုံးယောက်ကို အိမ်ရှေ့ရောက်ပြီလို့ ခပ်တည်တည်နဲ့ ပြောလိုက်တော့
သူတို့သုံးယောက်သား ယိုင်တိယိုင်တိုင် ဆင်းလာကြပြီး အဲ့ဒီမှာပထမ တစ်ယောက်က ကားခထုတ်ရှင်းပေးတယ်။ နောက် ဒုတိယတစ်ယောက်က “ကျေးဇူးပါပဲ” ဆိုတာကို အမူးသံနဲ့ဗလုံးဗထွေးပြောသွားခဲ့တယ်။

နောက်ဆုံး တတိယတစ်ယောက်ကတော့ သူ့အနားကိုလာပြီး ပါးကိုခပ် ဆတ်ဆတ်လေးရိုက်ကာ သူကို့အသေအချာကြည့်နေတော့ ကားဒရိုင်ဘာ လည်း မလုံမလဲဖြစ်ကာ ဒီအကောင် ငါကလိမ်ကျတာများသူသိသွားလို့ လား။ ဟုတ်ပါတယ်။ သူလည်း ဟိုကောင်တွေလို တော်တော်လေးမူးနေ တာပါလို့ အသေအချာကြည့်စဉ်းစားလိုက်ပြီး “ခင်ဗျား ကျွန်တော့ကို ဘာ လို့ရိုက်တာ လဲ”လို့ မေးလိုက်တော့ သူက“ မင်း ကားမောင်းတာအရမ်း အရှိန်ပြင်းတယ် ကွ။ နောက် တစ်ခါဒါမျိုး မောင်းရင်သေလမ်းကိုအမြန် ရောက်သွားလိမ့်မယ်။သိလား။” လို့ပြန်ဖြေတယ်လေ

No comments:

Post a Comment