Sunday, September 7, 2014

မိုးညှင်းကဆိုင်ကယ်ချစ်သူများအတွက်ပါ

မြေပြင်တွင် ၁ဝ မိနစ်ခန့် မောင်းနှင်ရင်းက ကောင်းကင်သို့ ပျံတက် သွားနိုင်သည့် မိုးပျံ မော်တော်ဆိုင်ကယ် ဈေးကွက် တင်ပြီ လွန်ခဲ့သော နှစ် ၅ဝ ခန့်က မစ္စတာဂျက်ဆင်က ကျွန်တော်တို့ မိသားစုတွေကို မိုးပျံကားပေါ် တင်ပြီး မောင်းနှင် နိုင်တော့မည်ဟု ကြိုတင် ဟောကိန်း ထုတ်ခဲ့ဖူးသည်။ ယခု Pal-V One Hellicycle သည် ထိုင်ခုံ နှစ်ခုပါပြီး ယခင် ရုံးတက်၊ ရုံးဆင်းချိန် လမ်းများ ပိတ်ဆို့၍ ကြန့်ကြာ နေခဲ့သည်ကို ကျော်လွှားနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ Pal-V သည် သုံးဘီး မော်တော်ဆိုင်ကယ်ကို Gyrocopter အဖြစ် အသွင် ကူးပြောင်း၍ အမေရိကန် ဒေါ်လာ ၂၉၅ဝဝဝ ဖြင့် ရောင်းချ ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ မြေပြင်သွား ဂီယာမှ ဝေဟင်ပျံ ဂီယာသို့ ပြောင်းရန် အတွက် ၁ဝ မိနစ်ခန့် အချိန်ယူရန် လိုအပ်ရာ ၈ စက္ကန့် အတွင်းမှာပင် လေထုထဲသို့ ပျံတက် ရောက်ရှိသွားမည် ဖြစ်သည်။ နှစ်နှစ်ကြာ အချိန်ယူ စမ်းသပ်ပြီးမှ ဈေးကွက်ထဲသို့ ရောင်းချခဲ့ခြင်း ဖြစ်ပြီး ဒတ်ခ်ျနိုင်ငံလုပ် Pal-V သည် မြေပြင်၌ တစ်နာရီလျှင် အမြန်နှုန်း ၁၁၂ မိုင်နှုန်း အထိ မောင်းနှင်နိုင်သည်။ မြင်းကောင်ရေ ၂၃ဝ အား ရှိပြီး ဆလင်ဒါ လေးလုံးတပ် အင်ဂျင်စက် ဖြစ်သည့်အပြင် ဝေဟင်တွင်လည်း အမြင့်ဆုံး အမြန်ဆုံး ၁၁၂ မိုင်နှုန်း အထိ မောင်းနှင် နိုင်ပါသည်။ Gyrocopter သည် အမြင့်ပေ ၄ဝဝဝ အောက် အနိမ့်ပျံ ပုံစံဖြစ်ပြီး မြေပြင်မှ ဝေဟင်သို့ ပျံတက်ရန် ပြေးလမ်း အရှည်ပေ ၅၄ဝ ခန့် လိုအပ်သည်။ မြေပြင်သို့ ပြန်ဆင်းရန် အတွက် ပြေးလမ်းပေ ၁ဝဝ ခန့် လိုအပ်သည်။ ဆီတိုင်ကီ အနေဖြင့် ဓာတ်ဆီ ၂၇ ဂါလန် ဆံ့၍ မိုင် ၂၂ဝ အထိ ပျံသန်းနိုင်ပြီး မြေပြင်တွင် မိုင် ၇၅ဝ အထိ သွားနိုင်သည်။ ကိုယ်ထည်ကို ကာဗွန်ဖိုက်ဘာ၊ တိုက်တေနီယံနှင့် အလူမီနီယံ သတ္တုတို့ဖြင့် ပြုလုပ်ထား၍ အလေးချိန် ၁၄၉၉ ပေါင် ရှိသည်။ ပိုင်ရှင်များ အနေဖြင့် လေယာဉ်မောင်းလိုင်စင် Sport Pilot Certificate ရှိမှသာ ယာဉ်ကို မောင်းနှင်နိုင်မည် ဖြစ်သည်။ အင်ဂျင်စက်ကို ရပ်တန့် လိုက်သည်နှင့် ပန်ကာဒလက် Propeller က အလိုလို ခေါက်လျက်သား ဖြစ်သွားပြီး ကားမောင်းသည့် အနေအထားသို့ ပြောင်းသွား ပါသည်။ ခလုတ်ကို တွန်းလိုက်လျှင် ရိုတာက နိမ့်ဆင်းလာကာ မြေပြင်ညီ အနေအထားသို့ ရောက်ရှိ သွားမည် ဖြစ်သည်။ ရိုတာ ဘလိတ်နှင့် အမြီးကို ယာဉ်မောင်းသူက ထိန်းသိမ်းရပြီး မြေပြင်တွင် Sport car မောင်းသကဲ့သို့ ခံစားရမည် ဖြစ်သည်။ ဤသို့ အောင်မြင်စွာ စမ်းသပ်နိုင်မှုသည် နိုင်ငံတကာ နည်းဥပဒေများနှင့် ညီညွတ်သော မိုးပျံကားဟု ဆိုရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပါသည်။ ။


မိုးညှင်းသတင်းအဖွဲ့blogလိပ်စာ WWW.mohnyinnews.blogspot.com /gmailလိပ်စာ mohnyinnewsnow@gmail.com

No comments:

Post a Comment