Thursday, September 11, 2014

Uganda နိုင်ငံမှာ ခြေလေးချောင်း၊ လက်လေးချောင်းနဲ့ ကလေးငယ်တစ်ဦး မွေးဖွား








မွေးကင်းစကလေး Paul Mukisa ဟာ Uganda နိုင်ငံအရှေ့ဘက်ခြမ်းရှိ Nabigingo ကျေးရွာလေးတစ်ခုမှာ ခြေလေးချောင်းနဲ့ လက်လေးချောင်းနဲ့အတူ မွေးဖွားခဲ့ပါတယ်။
မိဘနှစ်ပါးဖြစ်ကြတဲ့ Awino နဲ့ Boniface Okongo တို့က သူတို့ရင်သွေးကို အနီးအနားရှိ ခရိုင်ဆေးရုံတစ်ခုကို အလျင်အမြန်ခေါ်သွားခဲ့ကြပေမယ့် ကုသပေးနိုင်တဲ့ ဆရာဝန်တစ်ယောက်တလေမှ မရှိဘူးလို့ သူတို့အား ပြန်ပြောပြခဲ့ပါတယ်။

Ugandan ရဲ့မြို့တော် Kampala မှာရှိတဲ့ Mulago ဆေးရုံကို သွားဖို့ သူတို့ကိုလမ်းညွန်ခဲ့ပြီး အဲဒီဆေးရုံမှာ Dr John Sekabira ဦးဆောင်တဲ့ ခွဲစိတ်ကုဆရာဝန်အဖွဲ့တစ်ခုက ကလေးငယ်ကို စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ စမ်းသပ်ချက်အရ ကလေးဟာ ခြေလေးချောင်းနဲ့ ရင်အုံအပိုတစ်ခု သာမက သူ့နှလုံးနဲ့ အသည်းဟာ နေရာလွဲမှားစွာရှိနေခဲ့ကြောင်း ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

အဲဒီကပ်ပါလာတဲ့ အမွှာက ကလေးရဲ့ တင်ပဆုံရိုးကိုပဲ အမှီပြုထားကြောင်း ဆရာဝန်တွေက တွေ့ရှိခဲ့ပါတယ်။ ဆရာဝန်တွေက သူ့ရဲ့အမွှာညီအစ်ကို ခွဲထုတ်ပြီးတဲ့နောက် မွေးရာပါခြေလက်ရှစ်ချောင်းနဲ့ကလေးဟာ ကျန်းမာရေး နလန်ထူလာတယ်လို့ ဆိုပါတယ်။

ခွဲစိတ်ကုဆရာဝန်တွေက အန္တရာယ်ကင်းစွာနဲ့ ခွဲစိတ်ကုသလို့ရအောင် အရွယ်ရောက်လာဖို့ ၃လကြာအောင် စောင့်ခဲ့ကြရပါသေးတယ်။ ကလေးသုံးလပြည့်မှသာ ခွဲစိတ်မှုပြုလုပ်ခဲ့ကြတာပါ။
သြဂုတ်လ ၁၈ ရက်နေ့မှာ ခွဲစိတ်ကုဆရာဝန်သုံးဦးက Ugandan ဆေးရုံမှာ ခွဲစိတ်ပေးခဲ့ပါတယ်။ ခန္ဓာကိုယ်ချင်းဆက်နေတဲ့ အမွှာခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ၃ နာရီကျော်ကြာ သေသေချာချာ ခွဲထုတ်ပေးခဲ့ပါတယ်။

No comments:

Post a Comment