Saturday, September 6, 2014

နိုင်ငံရေးဆွေးနွေးပွဲများတွင် ကိုယ်စားပြုနိုင်သူများသာ ပါဝင်သင့်ဟု နိုင်ငံရေးခေါင်းဆောင်အချို့ပြော


အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများသည် လက်နက် ကိုင်အဖွဲ့များနှင့်သာ သက်ဆိုင် သည်မဟုတ်သော်လည်း အားလုံး ပါဝင်ရေးထက် ကိုယ်စားပြုနိုင် သူများနှင့်သာ စားပွဲဝိုင်းဆွေးနွေး မှုမျိုး ပြုလုပ်သင့်ကြောင်း နိုင်ငံရေး ခေါင်းဆောင်အချို့က ပြောကြား လိုက်သည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အ ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ လာမည့် စက်တင်ဘာ ၂၀ ရက်တွင် ဆွေးနွေးမည် ဖြစ် သည်။

လက်မှတ်ရေးထိုးပြီးနောက် ဖြစ်ပေါ်လာမည့် နိုင်ငံရေးဆွေး နွေးပွဲများတွင် နိုင်ငံရေးပါတီများ အပါအ၀င် ပါဝင်သင့်ပါဝင်ထိုက် သူ အားလုံးပါဝင်သည့် ဆွေးနွေး ပွဲများကို ကျင်းပရမည်ဖြစ်သည်။

သို့သော် အဆိုပါ ဆွေးနွေးပွဲ များတွင် နိုင်ငံရေးပါတီများဘက် မှ ပါတီအားလုံးပါဝင်သည်ထက် ကိုယ်စားပြုနိုင်သော အဖွဲ့အစည်းများ ၊ ပုဂ္ဂိုလ်များအနေဖြင့်သာ ဆွေးနွေးသင့်သည်ဟု ပါတီကြီးများမှ ခေါင်းဆောင်အချို့နှင့် ပုဂ္ဂိုလ်များ က ပြောကြားခြင်း ဖြစ်သည်။

‘‘တချို့ဟာတွေကတော့ ကျွန်တော်တို့က ပါတီကြီးမို့လို့ ပြောတယ် ဖြစ်နေမယ်။ နိုင်ငံရေးဆွေးနွေးပွဲဆိုတာ အားလုံး ပါ ၀င်သင့်တယ်။ ဒါပေမဲ့ လူများပြီး ပွဲမစည်တာမျိုးဖြစ်မှာ စိုးရတယ်။ ကိုယ်စားပြုပြီး ပါဝင်တာမျိုးက ပိုပြီး ကောင်းပါတယ်’’ ဟု အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မ တီဝင် ဦးဉာဏ်ဝင်းက ပြောသည်။

မဲခွဲပြီး ဆုံးဖြတ်ရန် လိုအပ် သည့် အစည်းအဝေးမျိုးတွင်သာ ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံးပါဝင်ရေးကို ပြောကြားသင့်ပြီး သဘောတူညီမှု ရရှိရန် ကြိုးစား သော အစည်းအဝေးမျိုးတွင် လူ အမြောက်အမြား ပါဝင်နေပါက ဆွေးနွေးမှု အောင်မြင်နိုင်မည် မဟုတ်ကြောင်းလည်း နိုင်ငံရေး ပါတီကြီးများက ပြောသည်။

‘‘အပစ်ရပ် ဆွေးနွေးပွဲဆို တာ။ လက်နက်ကိုင်တဲ့ အဖွဲ့တွေ ကပဲ လုပ်လို့ ဒီအခြေအနေရောက် တာ။ အစိုးရဘက်ရော၊ တိုင်းရင်း သားဘက်ရော၊ လက်နက်ကိုင် အ ချင်းချင်း လေးစားလို့လုပ်နေတာ ပဲ။ ပါတီတွေက ၀င်ပါစရာ မလို သေးပါဘူး။ နောက်ပြီး ပါတီတွေ အားလုံး ၀င်ပါလို့လည်း မဖြစ်ဘူး။အားလုံးပါရင် ဘယ်လိုဆွေးနွေး ကြမလဲ’’ ဟု အင်အားကြီး တိုင်း ရင်းသားပါတီ တစ်ခုဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦးက လည်း ပြောသည်။

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံ ရေးဆွေးနွေးပွဲနှင့် မူဘောင်ရေး ဆွဲရာတွင် နိုင်ငံရေးပါတီများ မဖြစ်မနေ ပါဝင်ရမည်ဖြစ်သော ကြောင့် ဖြစ်သင့်သော အနေအ ထားများနှင့် နိုင်ငံရေး ပါတီများ အနေဖြင့် တူညီသော သဘော ထားရပ်တည်ချက်တစ်ခုရှိရန် လို အပ်သည်ဟု ဖက်ဒရယ်ဒီမိုကရေ စီ မဟာမိတ်ပါတီနှင့် တိုင်းရင်း သားပါတီ အချို့ပါဝင်သော ၃၃ ပါတီကိုယ်စားပြု အစည်းအဝေး က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ၃၃ ပါတီအစည်းအ ဝေးက စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်များတွင် မြန်မာ့နိုင်ငံရေး ပါတီ ၆၇ ပါတီကို ဖိတ်ကြား၍ နိုင်ငံရေး ဆွေးနွေးပွဲများနှင့်ပတ် သက်၍ တူညီသော သဘောထား များ ချမှတ်ရေးကို ဆွေးနွေးသွား မည်ဖြစ်သည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် မည်သူများ ပါဝင်သင့်သည် ဆို သည်မှာ စားပွဲဝိုင်းတွင် ဆွေးနွေး သင့်သည့် ကိစ္စဖြစ်ပြီး ကိုယ်စား ပြုနိုင်သူများကို သေချာစွာ ရွေး ချယ်ရမည်ဖြစ်ကြောင်း ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ တိုင်းရင်းသားရေး ရာ တာဝန်ခံဦးမြအေးက ၎င်း၏ ထင်မြင်ချက်ကို ပြောကြားခဲ့ သည်။

‘‘ဘယ်သူတွေပါလဲဆိုတာ ထက် ပိုပြီးအရေးကြီးတာက စစ် မှန်တဲ့ ထာဝရငြိမ်းချမ်းရေးရဖို့၊ ပြည်သူတွေအားလုံး ငြိမ်းငြိမ်း ချမ်းချမ်းနေနိုင်ဖို့၊ နောက်ကျွန်တော်တို့ လိုချင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်ဖို့ပဲ လိုတယ်’’ ဟု ဦးမြအေးက ပြောသည်။ ပြီးခဲ့သည့် သြဂုတ်လအ တွင်းက ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် နိုင်ငံရေးပါတီ ၆၇ ပါတီတို့ တွေ့ဆုံပြီးနောက် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးလက်မှတ်ရေးထိုးပွဲကို အမြန်ဆုံးကျင်းပနိုင်ရန် တိုက်တွန်းခဲ့သည်။ သို့သော် တက်ရောက်သူ နိုင်ငံရေး ပါတီများထဲတွင်ပင် ယင်းသို့ တိုက်တွန်းမှုကို လက်မခံမှုများနှင့် အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့သည်။


မိုးညှင်းသတင်းအဖွဲ့blogလိပ်စာ WWW.mohnyinnews.blogspot.com /gmailလိပ်စာ mohnyinnewsnow@gmail.com

No comments:

Post a Comment