လယ်ယာတို့တွင် ပိုးသတ်ဆေးဖျန်းခြင်း၊
သောက်ရေတွင် ပိုးလောက်လမ်းတို့ကို ဖယ်ရှားခြင်း၊
အိပ်ရာတွင် ကြမ်းပိုးစသည်တို့ကို ရှင်းလင်းခြင်း စသည်တို့မှာ
ပါဏာတိပါတကံ ဖြစ်နိုင်ပါသလား။ ဖြစ်နိုင်သည်ဆိုလျှင်
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအနေဖြင့်
သမ္မာအာဇီဝဖြစ်ရန် ခဲယဉ်းလှပါသဖြင့်
မည်သို့ကျင့်သုံး မှတ်သားရမည် ဆိုသည်ကို
ဖြေကြားတော်မူပါဘုရား။
( ဖြေ ) ပိုးမွှားများကို သေစေရာ၌
၁။ သတ္တ၀ါလည်းဖြစ်စေ
၂။ သတ္တ၀ါဟု မှတ်ထင်သည်လည်းဖြစ်စေ
၃။ သတ်လိုစိတ်လည်း ရှိစေ
၎။ လုံ့လလည်းပြုစေ
၅။ ထိုလုံ့လဖြင့် သေသည်လည်းဖြစ်စေ
ဤအင်္ဂါငါးချက်ညီလျှင် ပါဏာတိပါတ ဖြစ်ပါသည်။
သို့သော် သတ္တ၀ါ၏ ဂုဏ်ရည်ကို လိုက်၍ အပြစ်ကြီး-သေး
ရှိရာတွင် အကိုက်အဖျက် အင်းဆက်ပိုးမွှားတို့မှာ
မည်သည့်ဂုဏ်ရည်မျှ မရှိ။ အဖျက်သတ္တ၀ါများသာ
ဖြစ်ရာ ၄င်းတို့ကို ဖယ်ရှားရာ၌ အကျိုးနှင့်အပြစ်ကို
စိစစ်၍ ဖြစ်လာမည့်အကျိုးကို မျှော်ကိုး၍
တမျိုးတဖုံ စဉ်းစားရပါမည်။
ဂုဏ်ရည်ကင်းသော ရောဂါပိုးများကို ရှင်းလင်း၍
ဂုဏ်ရည်မြင့်မားသော လူပုဂ္ဂိုလ်တို့အား ကယ်တင်သော
ဆရာဝန်များကဲ့သို့ လုပ်သင့်လုပ်ထိုက်သော အလုပ်ကို
လုပ်ရမည်မှာ ဗုဒ္ဓဘာသာ မဟုတ်၊ လူသားတိုင်း၏
တာဝန်ပင်ဖြစ်ကြောင်း ဖြေကြားလိုက်ပါသည်။
မိုးညှင်းသတင်းအဖွဲ့ www.mohnyinnews.blogspot.com gmail လိပ်စာ mohnyinnewsnow@gmail.com
No comments:
Post a Comment