Sunday, September 7, 2014
စီးပွားရေး ဆုတ်ယုတ်မှုဟာ အိမ်ထောင်ရေးကို ပိုမိုခိုင်မြဲစေဖတ်ကြည့်ပါ
၂၀၀၇-၂၀၀၉ ခုနှစ်ရဲ့ စီးပွားရေးကျဆင်းတဲ့ အချိန်ကာလ အတောအတွင်း အမေရိကနိုင်ငံမှာ အိမ်ထောင်ကွာရှင်းမှုနှုန်း ကျဆင်းခဲ့တယ်လို့ Population Research and Policy Review ရဲ့မကြာသေးမီအချိန်က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်တစ်ခုအရ သိရှိရပါတယ်။ မျှော်လင့်ထားခဲ့တာထက် ၁၅၀,၀၀၀ (၄% ရာခိုင်နှုန်း) ခန့် အိမ်ထောင်ကွာရှင်းမှု လျော့ကျခဲ့ကြောင်း University
of Maryland, College Park က လူမှုသိပ္ပံပညာရှင် Philip Cohen ရှာဖွေသိရှိ
ခဲ့တာဖြစ်တယ်။
သို့ပေမဲ့ ၂၀၁၁ ခုနှစ်အချိန်ရောက်လာတဲ့အခါမှာတော့ အိမ်ထောင်ကွာရှင်း
မှုဟာ မျှော်လင့်ထားတဲ့ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ ဒါက အံ့သြ
စရာတော့မဟုတ်ပါဘူး။ ၁၉၃၀ ခုနှစ်ကာလအချိန်များမှာ လူတွေ အလုပ်
လက်မဲ့နဲ့ စိတ်ပျက်လက်ပျက် ဖြစ်နေမှုကြောင့် ပျော်ရွှင်မှုမရှိတဲ့အတွဲတွေ သိသိသာသာ မြဲမြံခဲ့ကြပါတယ်။ ဒီအကြောင်းကို D’Vera Cohn of Pew Research ရဲ့ သုတေသနပြုချက်မှာ လွန်ခဲ့တဲ့ (၂) နှစ်က ရေးသားဖော်ပြခဲ့
ပါတယ်။
စုံတွဲတွေ ဒုက္ခအခက်အခဲရောက်တဲ့အချိန်မှာ လမ်းခွဲဖို့ စိတ်မဆုံးဖြတ်နိုင်ကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သီးခြားစီနေထိုင်တာ အကုန်အကျ ပိုများပြီး တစ်ဦးတည်း နေထိုင်တဲ့အခါ ကျန်းမာရေး ခံစားခွင့်တွေ ဆုံးရှုံးနိုင်တယ်။
စီးပွားရေး အခက်အခဲရင်ဆိုင်ရခြင်းက အမေရိကန်နိုင်ငံသားတွေရဲ့ အိမ်ထောင်ရေးအခြေအနေကို ဘယ်လိုအကျိုးသက်ရောက်မှုဖြစ်စေခဲ့
တယ်ဆိုတာ အပြည့်အဝ နားလည်သဘောပေါက်ဖို့ အရမ်းစောနေသေးတာ
လည်း ဖြစ်နိုင်ပါတယ်လို့ Cohen က မှတ်ချက်ပေးထားပါတယ်။ ဒါ့ကြောင့် အခက်အခဲ ဒုက္ခရောက်နေတဲ့အချိန်မှာ ပြုခဲ့တဲ့အိမ်ထောင်က မြဲမြံဖို့ အလားအလာပိုများပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment