ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကြိုတင်မဲ စတင်ပေးနိုင်မည်
------------------------------------------
ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်မတိုင်မီ ရွေးကောက်ပွဲ ကိစ္စရပ်များဖြင့် ခရီးသွားလာရန်ရှိသော ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ အပါအဝင် အစိုးရ ဝန်ထမ်းများသည် အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ပြီး ကြိုတင်မဲပေးနိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာသည်။
နိုင်ငံတော် သမ္မတအပါအဝင် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များနှင့် အဆင့်ဆင့်သော အစိုးရ အဖွဲ့အစည်းဝင်များသည် ရွေးကောက်ပွဲ ကျင်းပသည့် နေ့ရက် မတိုင်မီ ခရီးသွားလာရန် ရှိပါက အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့ အထိ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြိုတင်မဲ ပေးနိုင်ကြောင်း အောက်တိုဘာလ ၂၀ ရက်နေ့ ထုတ်ပြန်ကြေညာချက်ကို ကိုးကားပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆိုသည်။
ထို့အပြင် ရွေးကောက်ပွဲကာလတွင် မဲရုံများသို့ သွားရောက်မည့် ကိုယ်စားလှယ်လောင်းများ၊ သတင်းမီဒီယာများ၊ ရွေးကောက်ပွဲ လုံခြုံရေးတာဝန် ထမ်းဆောင်ကြမည့် တပ်မတော်သားများနှင့် ဝန်ထမ်းများ အားလုံးသည်လည်း ကြိုတင်မဲ ပေးနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
“အခုဟာက ရွေးကောက်ပွဲမတိုင်မီ နိုဝင်ဘာ ၅ ရက်နေ့ ကတည်းက မဲဆန္ဒနယ် ပြင်ပကိုသွားရမယ်၊ ရွေးကောက်ပွဲနေ့မှာလည်း အဲဒီမှာပဲ တာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့ ပုဂ္ဂိုလ်တွေအားလုံး အဆင်ပြေအောင် စီစဉ်ပေးတာပါ” ဟု ၎င်းကဆိုသည်။
မဲဆန္ဒနယ်အတွင်း ရှိသော်လည်း သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင် ရုံးများတွင် ကြိုတင်မဲပေးရန် အတွက် ရွေးကောက်ပွဲကျင်းပမည့် ရက်မတိုင်မီ နှစ်ရက် (အောက်တိုဘာ ၆ ရက် နှင့် ၇ ရက်) တို့ကို သတ်မှတ်ထားသော်လည်း ယင်းနေ့မတိုင်မီ တာဝန်အရ ခရီးသွားလာရန် ရှိသော မဲဆန္ဒရှင်များအတွက် အဆင်ပြေစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ
No comments:
Post a Comment