မြန်မာနိုင်ငံသမိုင်းတွင် အကောင်းဆုံး
ရွေးကောက်ပွဲဖြစ်ရန်ဆောင်ရွက်မည်ဟု ကော်မရှင်ဥက္ကဋ္ဌ အာမခံထားကြောင်း ဥရောပသမဂ္ဂဆို
မကြာမီကျင်းပတော့မည့်ရွေးကောက်ပွဲ ကို မြန်မာနိုင်ငံသမိုင်းတွင် အကောင်းဆုံး
ရွေးကောက်ပွဲဖြစ်ရန် ဆောင်ရွက်သွားမည်
ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်
ဥက္ကဋ္ဌဦးတင်အေး က ပြောကြားခဲ့ကြောင်း ဥရောပသမဂ္ဂရွေးကောက်ပွဲ လေ့လာရေးမှူး
ချုပ် Alexander Graf Lambs dorrf က
ပြောသည်။
ဥရောပသမဂ္ဂရွေးကောက်ပွဲ လေ့လာရေး အဖွဲ့၏ လေ့လာရေးမှူးချုပ်ဖြစ်သူ Alexander Graf Lambs dorrf က ၎င်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့ တွေ့ဆုံရာတွင် ဦးတင်အေးက ယင်းကဲ့သို့အာမခံ ပြောကြားခဲ့ကြောင်း အောက်တိုဘာလ ၂၀ ရက် တွင် ဆီဒိုးနား
ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာ
ရှင်းလင်းပွဲတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
''ကျွန်တော့်ရဲ့ခရီးစဉ်အတွင်းမှာ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်၊ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီတွေရဲ့ ဥက္ကဋ္ဌတွေနဲ့ တွေ့၊ ရွေးကောက်ပွဲမဲဆွယ်မှုတွေကို သွားရောက် လေ့လာခဲ့ပါ တယ်။ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကော်မရှင်အနေ နဲ့ ဒီရွေးကောက်ပွဲကို မြန်မာနိုင်ငံသမိုင်းမှာ
အကောင်းဆုံးရွေးကောက်ပွဲဖြစ်အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ ကျွန်တော့်ကိုအာမခံပြောကြားခဲ့ပါတယ်''ဟု ဥရောပသမဂ္ဂရွေးကောက်ပွဲ လေ့လာရေးမှူး
ချုပ် လည်းဖြစ် ဥရောပပါလီမန် ဒုတိယ
ဥက္ကဋ္ဌလည်းဖြစ်သူ Alexander Graf Lambs dorrf က သတင်းမီဒီယာများကိုပြောသည်။
ယင်းသို့ဆောင်ရွက်မည်ဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကပြောကြားခဲ့သော်လည်း မဲဆန္ဒရှင်စာရင်းများထုတ်ပြန်ရာတွင် အဆင်မပြေမှုများ နှင့် ပြည်ပရောက်နိုင်ငံသား
များ ကြိုတင်မဲပေးရာတွင်အခက်အခဲများ
ဖြစ်ပေါ်နေကြောင်းသိရသည်။
ယင်းကဲ့သို့ဖြစ်ပေါ်နေမှုများအပေါ် ရွေး ကောက်ပွဲကော်မရှင်ကြောင့် ထောက်ပြမှုများ
ပြုလုပ်ခဲ့သည်ဟုရွေးကောက်ပွဲလေ့လာရေး
မှူးချုပ်Alexander Graf Lambs dorrf က
ပြောသည်။
မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲဖြစ်စဉ်များ ကိုစောင့်ကြည့်နေသော် လည်း ပြည်ပရောက်
မြန်မာ နိုင်ငံသားများ၏ ကြိုတင်မဲပေးမှု ကိုမူ
စောင့်ကြည့်နိုင်ခြင်းမရှိကြောင်း Alexander Graf Lambs dorrf က သတင်းစာ ရှင်းလင်းပွဲတွင်ပြောခဲ့သည်။
credit : Democracytoday
၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ
No comments:
Post a Comment