လာစမ်း ....ဒေါင်းစားလေး....
ရွှမ်း ....အောင်မလေးဗျ....
မှတ်ထား ..လျှပ်စစ် ဆိုတာ ထွက်တဲ့ နေရာကနေ.....
နင့်ဂျီးတော် အိမ်ရောက်တဲ့ အထိ ကြိုးနဲ့ သွယ်ရတယ်...
ကြေးနန်း လုံးပတ် တုတ်ရင် တုတ်သလောက်...
အလေ အလွင့်ရှိတယ်....
တစ်နိုင်ငံလုံး မိုင်သိန်းသောင်းချီ သွယ်ထားတဲ့  ကြိုးတွေမှာ ....
ဘယ်လောက် အလေအလွင့် ရှိမလဲ ...
၈ တန်းလောက် တတ်ရင်ကို မှန်းလို့ ရတယ်...
စာမကျက်ပဲ ဂိမ်းထိုင်နှိပ်ပြီး...
ပေါက်ကရ ၀င်ပြောလို့ တွယ်သကွ ... မှတ်ထား.....
ဓာတ်ငွေ့ တွေ ပြည်ပ ရောင်းစားတယ် ဟုတ်လား.....
ရွှမ်း ....အောင်မလေးဗျ....
မှတ်ထား ..နင့်အမေလင် ဓာတ်ငွေ့ က ..
ဒီအတိုင်း မိုးပေါ်ပန်းထွက်နေတာ မဟုတ်ဘူး....
မြေကြီးအောက် ပင်လယ်အောက်မှာ ရှိတာ....
အိမ်မှာ ရှိတဲ့ ဂေါ်ပြားနဲ့ တူးမရဘူး....
သူများကို ရှာခိုင်းရတယ်...
မရှာခင် စာချုပ်ချုပ်ပေးရတယ်....
တွေ့ ရင် ဘယ်လောက်ရောင်းပေးမယ်....
ဘယ်နှစ်နှစ် ရောင်းပေးမယ် ဆိုတာ.....
အဲလို ...အလေနတ်တော ပေါက်ပန်းဈေးတွေ ...
ရမ်းပြောနေလို့ ချသကွ .. မှတ်ထား....
စာချုပ်တွေချုပ်တာ ကိုယ့်ဘက်က ခံဘက်ကြီးပဲ ဟုတ်လား ....
ရွှမ်း ....အောင်မလေးဗျ....
နင့် ပါပါတွေက အားလုံး ပိတ်ဆို့ ထားတော့ ...
ဘယ်သေနာကျမှ ခေါ်ခိုင်းလို့ မရဘူး....
အရဲစွန့် လုပ်တဲ့  မသာ တစ်ကောင် နှစ်ကောင်ကို ...
ကမ်းလွန် တွင်းတူးစင်လေး ....
တစ်ခု နှစ်ခုလောက် ဆောက်ပါမယ့်အရေး....
ဖင်ပြဲအောင် တောင်းပန်ရတယ်.....
ဒီလို အနေအထားမှာ....
နင့် စာချုပ်က ကိုယ့်ဘက်က အသာရမလား ဟဲ့ ....
အိမ်ဆိုင်လေးလောက်တောင် မဖွင့်ဘူးပဲ...
အလုံးကြီးတွေ စွတ်ပြောနေလို့ ဆော်သကွ မှတ်ထား....
ပွင့်လင်း မြင်သာမှု မရှိဘူး ဟုတ်လား.....
ရွှမ်း ....အောင်မလေးဗျ....
ဂျာနယ် နဲ့ သတင်းစာ ရာနဲ့ ချီ ရှိတယ်.....
အစိုးရကို လာလာ ရှင်းပြခိုင်းနေတဲ့  လွှတ်တော်ကြီး ရှိတယ်...
တစ်ကမ္ဘာလုံး အုံးအုံးကျွက်ကျွက် ထောက်ခံပါတယ် ဆိုတဲ့ ....
အတိုက်အခံ ပါတီကြီး ရှိတယ်....
ကိစ္စ တစ်ခုဖြစ်ရင် အချက်အလက် ရှာဖွေစုဆောင်းပြီး ...
စနစ်တကျ ဖော်ထုတ်ရေးသားတဲ့  .....
အဖွဲ့ အစည်း ဘယ်နှစ်ခု ရှိလဲ....
မီဒီယာ ဘယ်နှစ်ခုရှိလဲ....
မှတ်ထား တကယ်တန်းပွင့်လင်းမြင်သာမှု မရှိဘဲ ဘက်လိုက်ပြီး....
ကိုယ် ရေးချင်တာလေးပဲ ကွက်ကွက်ရေး ....
ကိုယ်မြင်ချင်တာလေးပဲ ကွက်ကွက်မြင်တာ နင်တို့ ဟဲ့ ...
အရာအားလုံး ၀ါးလုံးချီးသုတ် ရမ်းနေလို့ အုပ်သကွ ....မှတ်ထား...
ဘာ.... ဘောလုံးကွင်းမရှိလို့ ရွှေမရတာ ဟုတ်စ ....
ရွှမ်း ....အောင်မလေးဗျ....
အထက ကျောင်းတိုင်းမှာ ဘောလုံးကွင်း တစ်ကွင်းရှိရမယ်၊
မြို့နယ်တိုင်းမှာ မြို့နယ်ဘောလုံးကွင်းရှိရမယ်၊
တိုင်းအဆင့်ဆိုရင် ကျောင်းပေါင်းစုံပွဲ ဖွင့်နိုင်လောက်တဲ့ အဆင့်ရှိရမယ်ဆိုတဲ့
စီမံချက်ကို နင်မသိတိုင်း လျှောက်အော်လို့
ရိုက်သကွ ....
ဘောလုံးကွင်း ဘောလုံးမကန်ရလို့ရေးထားတယ် ဟုတ်လား .....
ရွှမ်း ....အောင်မလေးဗျ....
ဗိုလ်စိန်မန်ကွင်းမှာ ကပ်ထားတဲ့စာ ...
ကွင်းပြင်ချိန်မို့ လာကစားသူတွေ အန္တရာယ်မရှိစေဖို့၊
ဘောလုံးကွင်း၊ ဘောလုံးမကန်ရလို့ရေးထားတာ။
ဘောလုံးကွင်း တစ်ကွင်းဖြစ်ဖို့ လယ်ကွင်းမှာ
အုတ်ခဲ့ ၄ ခဲ ဂိုးလုပ်ပြီး ကန်မရဘူးဟ....
ဦးသန်းတိုးအောင်က ....
ဘာ ဦးသန်းတိုးအောင် ဟုတ်လား
အဲ့အကောင်ပါခေါ်ခဲ့ .....
ရွှမ်း ....အောင်မလေးဗျ....
၂ ကောင်လုံး ချသဗျ ....
ထိုင်းသာ ကျုပ်တို့လိုထောက်ပံ့မှုနဲ့ဆိုရင်
ကျုပ်တို့အသင်းသားတွေ ၁၀ ဂိုးသွင်းနိုင်မယ် ဟုတ်လား ...
လာခဲ့ ...
နင်း မူးမူးရူးရူး အော်မနေနဲ့
ရွှမ်း ....အောင်မလေးဗျ....
စင်္ကာပူက မြန်မာလောက်ထောက်ပံ့မှုမကောင်းလို့ ၂-၁ နဲ့ရှုံးတာလား...
ရွှမ်း ....အောင်မလေးဗျ....
ဘရူနိုင်း ရှုံးတာကရော ....
နိုင်ငံ ဆင်းရဲလို့၊ ထောက်ပံ့မှုမရှိလို့ ရှုံးတာလား
ရွှမ်း ....အောင်မလေးဗျ....
ခုကလေးတွေ ငွေရတာက ...
နင်တို့ခေတ်ကာလကလို ကိုယ့်ဘက် ၁ ဂိုးသွင်းခံရတိုင်း
လူလိုက်ချတဲ့ သောက်ကျင့်မရှိလို့ဟဲ့
စိတ်ဓါတ်ကောင်းလို့ နိုင်ပြီး ငွေရတာ ...
ည က အရှိန်မပြေသေးပဲ
မူးမူးနဲ့ ပြောချင်တာ ပြောသွားလို့
ချသကွ ....
ရွှမ်း ....အောင်မလေးဗျ....
အစိုးရ ဆိုတာ အရှုံးခံ လုပ်ရတာတွေ ရှိတယ်...
ကျန်တဲ့  မြတ်တဲ့ နေရာက ပိုက်ဆံစိုက်ပေး....
မသမာမှုတွေ လျော့ ...ဟုတ်လား...
ရွှမ်း ....အောင်မလေးဗျ....
ပညာရေးလဲ ဖွံ့ ဖြိုးချင်တယ်...
ကျန်းမာရေး လဲ တိုးတက်ချင်တယ် ....
ဆက်သွယ်ရေးလဲ ကောင်းစေချင်သလို
လမ်းတံတားတွေလဲ အမိုက်စား ဖြစ်ချင်တယ်...
အားကစား ကိုလဲ နာမည်ကြီး စေချင်သလို ....
တစ်ခုခုဆိုလဲ ရဲကားတွေ ချက်ချင်း ရောက်စေချင်တယ်....
အေး....ဒါပေမယ့် ......
ကိုယ်ကျတော့...
ကားကို လဲ စည်းကမ်းမဲ့ မောင်းတယ်...
ကွမ်းတံတွေးကို အဆင်ပြေသလို ထွေးတယ်...
အမှိုက်ကို ကြုံတဲ့ နေရာပြစ်သလို ....
အသံချဲ့ စက်ကို မိုင်ကုန်ဖွင့်တယ်...
တစ်ခုခုဆို ဂွင်ရှာပြီး ညှိဖို့ လုပ်သလို ....
ရရင်ရသလို အနေချောင်အောင် နေတယ်...
အဲတော့ အဲဒါတွေကြည့်ပြီး နင့်အလုပ်ထဲမှာ ....
နင် ဘယ်လိုနေမလဲ မှန်းလို့ ရတယ်.....
အယူပဲ ရှိပြီး တစ်ခုနှစ်ခု ပြန်ပေးဖို့ တောင် စိတ်မ၀င်စားပဲ ...
ဖြစ်ချင်တာတွေကြီး စွတ်အော်နေလို့  ကစ် သကွ .....မှတ်ထား ...
ပြည်သူ့ မျက်နှာ မကြည့်ဘူး ဟုတ်လား....
ရွှမ်း ....ရွှမ်း ....ရွှမ်း.....
အောင်မလေးဗျ....
အောင်မလေးဗျ....
အောင်မလေးဗျ....
ရခိုင်က ကောင်လဲ ပြည်သူပဲ ....
ကချင်က ကောင်လဲ ပြည်သူပဲ
ဖွတ်က ကောင်တွေလဲ ပြည်သူ ဖြစ်သလို ...
စစ်တပ်က ကောင်တွေလဲ ပြည်သူပဲ ....
မီးမလင်းသေးတဲ့ ရွာတွေက ကောင်တွေလဲ ပြည်သူ...
ကိုယ်ထူကိုယ်ထ ကျေးရွာတွေလဲ ပြည်သူ ...
အီးပီစီကကောင်လဲ ပြည်သူ ...
သတ္တုတွင်းက ကောင်လဲ ပြည်သူ .....
နောက်ဆုံး ပြောရရင် ...ငါလဲ ပြည်သူပဲကွ.....
ရှေ့ မကြည့် နောက်မကြည့် ....နင့် ဆန္ဒကို ....
ပြည်သူ့ ဆန္ဒ ကြီး လုပ်နေလို့  ရိုက်သကွ...ဗျဉ်းသကွ.....ဖဲ့သကွ ....
ကဲကွာ ...ကဲကွာ....ကဲကွာ....
ရွှမ်း ....ရွှမ်း ....ရွှမ်း.....။
( အမြင်မတော်လို့  ၀င်ဆော်တဲ့  Ye Moe၊ Phay Sit Gyi က ဆွမ်းကြီးဝင်လောင်းပေးတာ )
ကိုရဲမိုးရေးထားတာလေး ပြန်မွမ်းမံတာ
အရှင်နာယက လမ်းဘေးစာသင်ဝိုင်း-ရန်ကုန်
09-261779969
၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ
No comments:
Post a Comment