ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ၊ (ဥက္ကဋ္ဌပူးတွဲတာဝန်) ဦးဌေးဦး၏သဘောထား
ဦးဌေးဦး
ပါတီဒုတိယဥက္ကဋ္ဌ
(ဥက္ကဋ္ဌပူးတွဲတာဝန်)
NCA လက်မှတ်ရေးထိုး ပွဲနဲ့ပတ်သက်လို့ တကယ့်နိုင်ငံရေး အဆင့်တစ်ခုကိုပြီးမြောက်တယ်လို့ ပြောရမယ်။ လူတစ်ဦးစီပဲဖြစ်ဖြစ်၊ နိုင်ငံတစ်ခုစီပဲဖြစ်ဖြစ်၊အဖွဲ့အစည်း တစ်ခုစီပဲဖြစ်ဖြစ် ငြိမ်းချမ်းရေး မရှိလို့မရဘူး။ ငြိမ်းချမ်းမှုရှိမှ ဖွံ့ဖြိုး တိုးတက်မှုလည်း လုပ်လို့ရမယ်။ဖွံ့ဖြိုးတိုးတက်မှုရအောင်ငြိမ်းချမ်းမှုကလုပ်ရမှာပဲ။ ဒါကြောင့် နိုင်ငံတိုင်း၊ အစိုးရတိုင်း ငြိမ်းချမ်းရေး ရအောင် ကြိုးစားကြတယ်။ ပါတီစုံ ဒီမိုကရေစီခေတ်ကြီးမှာ သမ္မတကြီးဦးသိန်းစိန်ဦးဆောင်တဲ့ လေးနှစ်ကျော် ငါးနှစ်အတွင်းမှာ ဒီလိုအခြေအနေရောက်တဲ့အတွက် ကျွန်တော်တို့ ဝမ်းသာရတယ်။ပြောစရာရှိတာက အားလုံးလက် မှတ်မထိုးသေးဘူး။ ဒါပေမဲ့ ရှိတဲ့လူနဲ့ စထားတာ။ ပြီးတဲ့အခါ မှာရှေ့ဆက်တိုးသွားပါမယ်။ ကျန် တဲ့သူတွေအတွက်လည်းလမ်းပိတ် သွားတာမျိုး မရှိဘူး။ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ အလိုချင်ဆုံးသည် နှစ်ဖက်စစ်သားတွေပဲ။ နောက် တစ်ခါအဲဒီနယ်မြေမှာ ရှိနေတဲ့ပြည် သူတွေ။ သူတို့တွေအလိုချင်ဆုံးပဲ။ ကျန်တဲ့အဖွဲ့အစည်းတွေအတွက် လည်းငြိမ်းချမ်းရေးသည် တွန်း အားတစ်ခုဖြစ်လာမယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်လာရင် ဖွံ့ဖြိုးရေးကို ခိုင်ခိုင်မာမာ တည် ဆောက်နိုင်မယ်။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အစဉ်တစိုက် လုပ်ဆောင်နေတာ နှစ်ခုရှိပါတယ်။ တည်ငြိမ်အေး ချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုပဲ။တည်ငြိမ်အေးချမ်းမှုဆိုတာမှာ ငြိမ်းချမ်းရေးပါတယ်။ ဒါကြောင့် အစဉ်တစိုက် ကြိုးပမ်းနေတယ်။အခုလည်းပဲ ကြိုးစားတဲ့အထဲမှာပါ တယ်။ ဒါကြောင့်သက်သေအဖြစ် လက်မှတ်ထိုးပါ လို့ပြောတဲ့အချိန်မှာ ဝမ်းမြောက်ဝမ်းသာနဲ့ လာရောက် လက်မှတ်ထိုးရခြင်းဖြစ်တယ်။ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာဆက်ပြီးပါဝင်သွား ဖို့ရှိပါတယ်။
----------------------------------------------------------------
ချားလ်ကိုး
http://uniondaily
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment