မဲဆန္ဒရှင် သက်သေခံ လက်မှတ်များကို နိုဝင်ဘာ ၁ ရက်တွင် စတင်ထုတ်ပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်
မဲဆန္ဒရှင် သက်သေခံ လက်မှတ်အား မဲစာရင်းပါ အချက်အလက်များ အတိုင်း သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ပြုစုမည်ဖြစ်ပြီး ဆန္ဒမဲပေးလိုသူများ အနေဖြင့် နိုဝင်ဘာ ၁ ရက်မှ စတင်ပြီး ၇ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများတွင် ထုတ်ပေးမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
မှတ်ချက်အနေဖြင့် သက်သေခံလက်မှတ် ထုတ်ယူခြင်းမပြုဘဲ ပုံမှန်အတိုင်း မဲပေးခြင်း လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ကြောင်း၊ သက်သေခံလက်မှတ် ပျောက်ဆုံးသွားပါကလည်း ပုံမှန် မဲပေးပုံစနစ်အတိုင်း မဲပေးနိုင်ကြောင်းနှင့် ဆန္ဒမဲပေးပြီးပါက မဲဆန္ဒရှင် သက်သေခံ လက်မှတ်အား ပြန်လည် အပ်နှံရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
No comments:
Post a Comment