၂၀၁၅ ရွေးကောက်ပွဲတွင် အဓိကထား စောင့်ကြည့်ရမည့် မြို့နယ် ၈၃ မြို့နယ်
(၁) ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲမသမာမှုများ မဖြစ်ပေါ်စေရေးနှင့် တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် အရေးပါသည့်အတွက် Eleven Media Group ၏ စုံစမ်း သိရှိရမှုများအရ မဲမသမာမှုနှင့် မမျှတမှုများ ဖြစ်ပေါ်နိုင်၍ အဓိကထား စောင့်ကြည့်ရန် လိုအပ်သော မြို့နယ် ၈၃ မြို့နယ်အား အောက်ပါအတိုင်း အသိပေးအပ်ပါသည်။
(၂) ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ အနေဖြင့် စောင့်ကြည့်လေ့လာလိုသည့် မဲဆန္ဒနယ်များနှင့် ပတ်သက်၍ အောက်တိုဘာလ ၂၄ ရက်(စနေ)နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားရမည် ဖြစ်ပါသည်။ ထို့အတူ ရွေးကောက်ပွဲနေ့တွင် သတင်းရယူမည့် မီဒီယာများ အနေဖြင့်လည်း နိုဝင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်ထားရမည်ဖြစ်သောကြောင့် ကြိုတင် ပြင်ဆင်နိုင်ပါရန် အသိပေးအပ်ပါသည်။
■ ကချင်ပြည်နယ်
(၁) အင်ဂျန်းယန်မြို့နယ်
(၂) ချီဖွေမြို့နယ်
(၃) ဆော့လော်မြို့နယ်
(၄) ဖားကန့်မြို့နယ်
(၅) မံစီမြို့နယ်
■ ကယားပြည်နယ်
(၁) လွိုင်ကော်မြို့နယ်
(၂) ဒီးမော့ဆိုမြို့နယ်
(၃) ဖရူဆိုမြို့နယ်
(၄) ရှားတောမြို့နယ်
(၅) ဘောလခဲမြို့နယ်
(၆) ဖားဆောင်းမြို့နယ်
(၇) မယ်စဲမြို့နယ်
■ ကရင်ပြည်နယ်
(၁) ဖာပွန်မြို့နယ်
(၂) သံတောင်ကြီးမြို့နယ်
(၃) ကြာအင်းဆိပ်ကြီးမြို့နယ်
■ ချင်းပြည်နယ်
(၁) ဟားခါးမြို့နယ်
(၂) တီးတိန်မြို့နယ်
(၃) မင်းတပ်မြို့နယ်
■ မွန်ပြည်နယ်
(၁) မုဒုံမြို့နယ်
(၂) ရေးမြို့နယ်
■ ရခိုင်ပြည်နယ်
(၁) ရသေ့တောင်မြို့နယ်
(၂) ဘူးသီးတောင်မြို့နယ်
(၃) အမ်းမြို့နယ်
(၄) တောင်ကုတ်မြို့နယ်
■ ရှမ်းပြည်နယ်
(၁) ဟိုပုံးမြို့နယ်
(၂) ကလောမြို့နယ်
(၃) ရွာငံမြို့နယ်
(၄) ရပ်စောက်မြို့နယ်
(၅) လွိုင်လင်မြို့နယ်
(၆) နမ့်စန်မြို့နယ်
(၇) လားရှိုးမြို့နယ်
(၈) ကွတ်ခိုင်မြို့နယ်
(၉) သီပေါမြို့နယ်
(၁၀) လောက်ကိုင်မြို့နယ်
(၁၁) ကုန်းကြမ်းမြို့နယ်
(၁၂) ကျိုင်းတုံမြို့နယ်
(၁၃) ညောင်ရွှေ
■ ရန်ကုန်တိုင်းဒေသကြီး
(၁) လှည်းကူးမြို့နယ်
(၂) ရွှေပြည်သာမြို့နယ်
(၃) လှိုင်သာယာမြို့နယ်
(၄) တောင်ဥက္ကလာပမြို့နယ်
(၅) ကျောက်တန်းမြို့နယ်
■ မန္တလေးတိုင်းဒေသကြီး
(၁) ပြင်ဦးလွင်မြို့နယ်
(၂) နွားထိုးကြီးမြို့နယ်
(၃) ရမည်းသင်းမြို့နယ်
(၄) ပျော်ဘွယ်မြို့နယ်
(၅) ဇေယျာသီရိမြို့နယ်
(၆) ဒက္ခိဏသီရိမြို့နယ်
(၇) မိတ္ထီလာမြို့နယ်
■ စစ်ကိုင်းတိုင်းဒေသကြီး
(၁) ခင်ဦးမြို့နယ်
(၂) ၀က်လက်မြို့နယ်
(၃) ဒီပဲယင်းမြို့နယ်
(၄) ဘုတလင်မြို့နယ်
(၅) အရာတော်မြို့နယ်
(၆) ကနီမြို့နယ်
(၇) ပုလဲမြို့နယ်
(၈) ၀န်းသိုမြို့နယ်
(၉) မင်းကင်းမြို့နယ်
(၁၀) ခန္တီးမြို့နယ်
(၁၁) လေရှီးမြို့နယ်
(၁၂) လဟယ်မြို့နယ်
(၁၃) နန်းယွန်းမြို့နယ်
■ တနင်္သာရီတိုင်းဒေသကြီး
(၁) ထားဝယ်မြို့နယ်
(၂) သရက်ချောင်းမြို့နယ်
(၃) ရေဖြူမြို့နယ်
(၄) ကျွန်းစုမြို့နယ်
(၅) ပုလောမြို့နယ်
(၆) တနင်္သာရီမြို့နယ်
■ မကွေးတိုင်းဒေသကြီး
(၁) မင်းဘူးမြို့နယ်
(၂) ဆောမြို့နယ်
■ ပဲခူးတိုင်းဒေသကြီး
(၁) က၀မြို့နယ်
(၂)ရွှေကျင်မြို့နယ်
(၃) ကျောက်ကြီးမြို့နယ်
(၄) ပန်းတောင်းမြို့နယ်
(၅) ဇီးကုန်းမြို့နယ်
(၆) နတ်တလင်းမြို့နယ်
(၇) မိုးညိုမြို့နယ်
■ ဧရာဝတီတိုင်းဒေသကြီး
(၁) ငပုတောမြို့နယ်
(၂) ဟင်္သာတမြို့နယ်
(၃) မြန်အောင်မြို့နယ်
(၄) အင်္ဂပူမြို့နယ်
(၅) မြောင်းမြမြို့နယ်
(၆) မအူပင်မြို့နယ်
မှတ်ချက်။ ။အစိုးရအဖွဲ့ဝင်အချို့နှင့် ဗိုလ်ချုပ်ဟောင်းအချို့ ပါဝင်ယှဉ်ပြိုင်မည့် အထက်ပါမြို့နယ်များတွင် မဲစာရင်းလွဲချော်မှုပြဿနာများ၊ လူထု၏ ဝေဖန်တိုင်ကြားမှုများ၊ အာဏာရအဖွဲ့အစည်းများ၏ ရွေးကောက်ပွဲဥပဒေကို ကျော်လွန်လုပ်ဆောင်နိုင်သည့် အခြေအနေများ၊ ရွေးကောက်ပွဲအကြမ်းဖက်မှုဖြစ်စဉ်ပေါ်ပေါက်နိုင်မှုအခြေအနေနှင့် ငွေကြေးအရှိန်အ၀ါကို အသုံးပြုဥပဒေချိုးဖောက်ရန် လုပ်ဆောင်ခြင်း စသည့်အချက်အလက်အခြေအနေများအပေါ် အခြေခံကာ ရွေးချယ်ထားခြင်းဖြစ်ပါသည်။
No comments:
Post a Comment