Saturday, October 17, 2015

“စက်ချို့ယွင်းမှုကြောင့် အမ်ပီတီ ဖုန်းလိုင်းများပြတ်တောက်”

“စက်ချို့ယွင်းမှုကြောင့် အမ်ပီတီ ဖုန်းလိုင်းများပြတ်တောက်”

စက်ပိုင်းဆိုင်ရာ ချို့ယွင်းမူကြောင့် နိုင်ငံတစ်ဝှမ်း၌ အမ်ပီတီဖုန်းလိုင်းများ ၏ ဖုန်းလိုင်းများပြတ်တောက်နေကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ GSMနှင့် WCDMA မိုဘိုင်းဖုန်းများသည် ယနေ့ အောက်တိုဘာ ၁၇ရက် မွန်းတည့် ၁၂ နာရီကတည်းက ပြတ်တောက်နေခြင်းဖြစ်ပြီး ပြန်လည်ပြုပြင်ပြီးပါက သတင်းထုတ်ပြန်ပေးမည်ဟုဆိုသည်။
" Main Switch ကဖြစ်တာလား Transmission က ဖြစ်တာလား သေချာမသိရသေးဘူး ၊စစ်ဆေးနေတုန်းဘဲ ၊ကွန်ယက် ပြတ်တောက်မူက မြို့ကြီးတွေရော နယ်တွေမှာ ပါဖြစ်နေတယ်လို့သိရတယ် ဘယ်လောက်ထိ ရှိလဲဆိုတာကိုတော့ မသိရသေးဘူး ၊အသေးစိတ်ကို ထုတ်ပြန်ပေးသွားပါမယ် " ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း(MPT) စီးပွားရေးဌာနမှ ဒါရိုက်တာ ဦးသိန်းဟုတ်က ပြောသည်။
လက်တလော စစ်ဆေးမူများအရအမ်ပီတီ ၏ GSM နှင့် WCDMA ဖုန်းများဖြစ်သည့် ၀၉ ၄၅ ...,၀၉ ၅၁ ....,၀၉ ၅၄ ....နှင့် ၀၉ ၂၅ .... ဖြင့်စသော ဖုန်းများတွင် လိုင်းပြတ်တောက်မူ ဖြစ်ပေါ်နေပြီး ရန်ကုန် ၊မန္တလေး နှင့်နေပြည်တော် အပါအဝင် နယ်မြို့များတွင်ပါ လိုင်းပြတ်တောက်မူ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment