Monday, October 19, 2015

ကျန်းမာတော်မူကြပါစခင်ဗျာ။ တိုင်ဖွန်းမုန်တိုင်းဟာမြန်မာနိုင်ငံဖက်ကိုရောက်မလာနှိုင်ပါ။

ကျန်းမာတော်မူကြပါစခင်ဗျာ။
တိုင်ဖွန်းမုန်တိုင်းဟာမြန်မာနိုင်ငံဖက်ကိုရောက်မလာနှိုင်ပါ။
၁၉-၁၀-၂၀၁၅
ည(၁၀း၃၂)နာရီ။
၂၀၁၅ ခုနှစ်၊အောက်တိုဘာလ(၂၀)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော် နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
(၁၉-၁၀-၂၀၁၅)ရက် နံနက် (၁၀း ၁၅)နာရီအချိန် KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင် လယ်အော် တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ မြန်မာတစ်ပြည်လုံးမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ တိုင်းဖွန်းမုန်တိုင်း Koppu ဟာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း ကိုဖြတ်ကျော်ပြီး တောင်တရုတ်ပင်လယ်ထဲတိုးဝင်နေပမယ့် မြောက်ဖက်ကို ပြောင်းလဲ ရွေ့မယ်လို့ခန့်မှန်းရပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းတလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်းအနည်းငယ်သာ ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း တလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်း အမြင့် (၁) ပေ မှ (၂)ပေခန့် အထိရှိနိုင် ပါတယ်။
နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များဟာ၊ ချင်းပြည်နယ် ၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည် နယ်(အရှေ့ပိုင်း) နှင့် ကယားပြည်နယ် တို့တွင် နေအပူချိန် 23°C-30°C ခန့်၊ ၊ ကျန် တိုင်းဒေသကြီး များ နဲ့ ပြည်နယ်ဒေသ များတွင် နေ့ အပူချိန် များဟာ 31°C-35°C ရှိနိုင်ပါတယ်။
မိုးတိမ်တောင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာမိုးတိမ်တောင်များ ထူထပ်စွာဖြစ်ပေါ်နေပြီး၊ ကျန် တစ်ပြည်လုံး မှာ မိုးတိမ်တောင် များအသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင် နှင့်
ဘင်္ဂလားပင်လယ်အော် တို့မှာ မိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ထွန်း နိင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ နေရာကျဲကျ၊ ချင်းပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် နေရာကွက်ကျား၊ မိုးထစ်ချုန်းရွာနိုင်ပြီး၊ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင်ပါတယ်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ နေရာကွက်ကျား မှ နေကျဲကျဲ မိုးဆက်လက်ထစ်ချုန်းရွာ နိုင်ပါတယ်။
ဒေါက်တာထွန်းလွင်



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment