Monday, October 19, 2015

လာမည့် နိုဝင်ဘာမှစ၍ ဆင်းမ်ကတ်များကို မှတ်ပုံတင် သုံးစွဲရန် ဆက်သွယ်ရေး အော်ပရေတာ သုံးခုအား ညွှန်ကြားချက် ထုတ်ရန်ရှိနေ

လာမည့် နိုဝင်ဘာမှစ၍ ဆင်းမ်ကတ်များကို မှတ်ပုံတင် သုံးစွဲရန် ဆက်သွယ်ရေး အော်ပရေတာ သုံးခုအား ညွှန်ကြားချက် ထုတ်ရန်ရှိနေ

လာမည့် နိုဝင်ဘာလမှစတင်၍ မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို မှတ်ပုံတင် သုံးစွဲကြရန် ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးအား ခေါ်ယူဆွေးနွေးခဲ့ပြီး ယခုတစ်ပတ်အတွင်း ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ရန် ရှိနေကြောင်း စုံစမ်းသိရသည်။

ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် ဆင်းမ်ကတ်များကို ရောင်းချသည့်အခါ မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဆိုသော အချက်မှာ စည်းမျဉ်းစည်းကမ်းတွင် ပါဝင်ပြီးသား ဖြစ်သော်လည်း လုပ်ငန်းများ စတင်သည့် အချိန်တွင် အခက်အခဲများ မရှိစေရန် ယင်းအချက်ကို အလွန်အမင်း တင်းကျပ်ခြင်း မရှိဘဲ လျှော့ပေါ့ပေးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ်များ (တစ်နည်းအားဖြင့်) အမှန်တကယ် အသုံးပြုသူနှင့် မှတ်ပုံတင်ထားသူ ကွဲလွဲနေသော ဆင်းမ်ကတ်များမှာ အလွန် များပြားလာကြောင်း သိရသည်။

“ဆင်းမ်ကတ်တွေကို မှတ်ပုံတင် သုံးစွဲဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ ဆွေးနွေးခဲ့တာ ရှိပါတယ်။မကြာခင်မှာလည်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန်ဖို့ရှိပါတယ်။ အဲဒီအခါကျမှ အသေးစိတ် သိရပါမယ်။ ထုတ်ပြန်လာတဲ့ ညွှန်ကြားချက်ပေါ် မူတည်ပြီး ဘယ်လို လုပ်ဆောင် သွားရမလဲဆိုတာ စီစဉ်ရပါမယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက အောက်တိုဘာ ၁၉ ရက်တွင်ပြောကြားသည်။

“မှတ်ပုံတင် အမှန်နဲ့သုံးသူက ၅၀ ရာခိုင်နှုန်းလောက်တော့ ရှိပါတယ်။ ဒီကိစ္စက တောက်လျှောက် ဆောင်ရွက်နေတာ ဖြစ်လို့ အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါတယ်။ မိုဘိုင်းဖုန်း ငွေကြေး ၀န်ဆောင်မှုတွေ အသုံးပြုမယ်ဆိုရင်လည်း ဒါကအရေးကြီးပါတယ်။ ၀ယ်ကတည်းကိုက မှတ်ပုံတင်အမှန်နဲ့ မှတ်ပုံတင်ပြီး ၀ယ်ယူသင့်ပါတယ်” ဟု တယ်လီနော မြန်မာမှ တာဝန်ရှိသူက ပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အချိန်ကာလ တစ်ခုအထိ စောင့်ထိန်းရဦးမှာဖြစ်လို့ ထုတ်ပြန်လို့ မရသေးပါဘူး။ အူရီဒူးဆင်းမ်ကတ်ကို မှတ်ပုံမတင်ဘဲ သုံးမယ်ဆိုရင် ၁၅ ရက်အကြာမှာ လိုင်းပိတ်ခံရမှာပါ။ တခြားသူနာမည်နဲ့ မှတ်ပုံတင်ပြီး သုံးစွဲနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက အရမ်း အန္တရာယ်ကြီး ပါတယ်။ ကိုယ့်နာမည်နဲ့ တခြားသူက အဲဒီ ဆင်းမ်ကတ်ကို သုံးနေတာဆိုတာ ပြဿနာရှိနိုင်ပါတယ်” ဟု အူရီဒူးမြန်မာမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

တယ်လီနော၊ အူရီဒူး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့က တရားဝင် ဖွင့်လှစ်ထားသော အရောင်း ပြခန်းများတွင်သာ ဆင်းမ်ကတ်များ ၀ယ်ယူသည့်အခါ စနစ်တကျ မှတ်ပုံတင် ရောင်းချပေးပြီး ပြင်ပဈေးကွက်တွင်မူ မှတ်ပုံတင်ခြင်းမရှိဘဲ အလွယ်တကူ ရောင်းချ ပေးခြင်းများသာ ပိုမို များပြားနေကြောင်း သိရသည်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment