၂၀၀၆ ကမ္ဘာ့ ဖလားကို အိမ်ရှင် အဖြစ် လက်ခံ ကစားခွင့် ရဖို့ ဂျာမနီ အနေနဲ့ လာဘ် ထိုး ခဲ့တယ် ဆိုတဲ့ စွပ်စွဲ မှု တွေ အပေါ် ဂျာမနီ ဘော်လုံး အဖွဲ့ချုပ် က အပြင်းအထန် ငြင်းပယ် လိုက်ပါတယ်။
ဒါစပီဂယ်လ် ဆိုတဲ့ ဂျာမန် မဂ္ဂဇင်း မှာ ဖော်ပြခဲ့တဲ့ အဲဒီ့ စွပ်စွဲ ချက် တွေ ဟာ လုံးဝ အခြေအမြစ် မရှိဘူး လို့ ဂျာမနီ ဘော်လုံး အဖွဲ့ချုပ် က ထုတ်ပြန် ပါတယ်။
ကမ္ဘာ့ ဘော်လုံး အဖွဲ့ချုပ် FIFA ရဲ့ အလုပ်အမှုဆောင် ကော်မတီဝင် တချို့ ဆီက မဲ ရရှိဖို့ ဂျာမနီ က ဒေါ်လာ ၆ သန်း ဝန်းကျင် လာဘ် ထိုး ခဲ့တယ် ဆိုပြီး ဒါစပီဂယ်လ် က ရေးသား ခဲ့တာ မှာ သူတို့ သတင်းရရှိရာ ရင်းမြစ်ကိုတော့ ဖော်ပြ မထားပါဘူး။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment