Friday, October 2, 2015

ကျွန်တော်တို့ သမ္မတကြီး ကို ....

ကျွန်တော်တို့ သမ္မတကြီး ကို ....

အမေရိကန် အဖွဲ့အစည်း ၁၉ ခု ပါဝင်တဲ့  ...
Burma Task Force USA (BTF) က ...
နယူးယောက် တောင်ပိုင်းခရိုင် 
အမေရိကန် ဖက်ဒရယ်တရားရုံးမှာ ...
၁.၁၀.၂၀၁၅ ရက်နေ့ က တရားစွဲဆိုလိုက်ပါတယ် ...

စွဲဆိုရတဲ့ အကြောင်းကိစ္စကတော့ ...
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ ဘင်္ဂါလီတွေအပေါ် ....
လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ...
ပြုလုပ်ခဲ့တယ်ဆိုတဲ့  စွဲချက်နဲ့ ဖြစ်ပါတယ် ...

ဒီတရားစွဲဆိုမှုကြောင့် ...
အမေရိကန် တရားရုံးကတော့ ...
သမ္မတကြီး ဦးသိန်းစိန်အပေါ် သမ္မာန်စာ ဆင့်ထုတ်ခဲ့ပါတယ် ...

နိုင်ငံတစ်ခုရဲ့ အကြီးအကဲဖြစ်နေတဲ့ အတွက် ...
တရားစွဲဆိုလို့ မရဘူးလို့  တော့ ...
ယခင် အိန္ဒိယ၀န်ကြီးချုပ် Nerendra Modi နဲ့  ...
ဝန်ကြီးချုပ်ဟောင်း Manmohan Singh တို့ကို ...
သမ္မာန်စာထုတ်ခဲ့တဲ့  အမှုမှာ ...
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ...
ထုတ်ပြန် ပြောဆိုခဲ့ဖူးပါတယ် ....

သမ္မတကြီး ဟာ နယူးယောက်မှာကျင်းပမယ့် ...
အကြိမ် ၇၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို ...
မကြာခင် သွားတက်ဖို့ စီစဉ်ထားပြီးလဲ ဖြစ်ပါတယ် ....

ဘင်္ဂါလီအရေးကိစ္စနဲ့ ပတ်သက်လို့  ...
နိုင်ငံအချို့ က ...
သမ္မတကြီးအပေါ် ၀ိုင်းပြီးဖိအားပေးကြ ...
ဝေဖန်တိုက်ခိုက်ကြအုန်းမှာလဲ ...
အသေအချာပဲ ဖြစ်ပါတယ် ...

ဘယ်လိုပဲ ဖြစ်ဖြစ် ....
အရင်အကြိမ်တွေအတိုင်းပဲ ...
ကြိုးစားပြီး တောင့်ခံပေးခဲ့ပါ သမ္မတကြီး ...

သမ္မတကြီး ရဲ့  နှလုံးခုန်စက်လေး ...
ဘက်ထရီ အားကုန်မသွားဖို့  ...
ကျွန်တော်တို့ ဝိုင်းဆုတောင်းနေပါတယ် ....

Like



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment