ထမင်းစားရင် စဉ်းစားပါ
++++++++++++++++++
မြန်မာ နိုင်ငံမှာ ပါတီပေါင်း ၉၂ ပါတီ ပြိုင်ပွဲဝင်မှာ ပါ ။
စဉ်းစား မိတာက အဲဒီ ပါတီတွေ ထဲမှာ
စစ်တပ်ကို ရန်သူလို သဘောထားတဲ့ ပါတီ
အစိုးရ ကို အာဃာတ နဲ့ အငြိုးထားတဲ့ ပါတီ
မ ဟ န ၊ မ ဘ သ ၊ ရဟန်းပျို များ စသည် တို့ကို အစဉ်တစိုက် စော်ကား နေသော ပါတီ ကို ကြည့်နေ မိတယ် ။
အခုထိလည်း
ကျန် တဲ့ ၉၁ ပါတီ တစ်သီး ပုဂ္ဂလ အားလုံး နဲ့ အစိုးရ အဖွဲ့ စစ်တပ် အဖွဲ့ အမျိုးသားရေး အင်အားစု တွေ က ပြေလည်ကြတယ် ။
သူလမ်းကြောင်း နဲ့ သူ သွားနေကြတယ် ။
ဘာကြောင့်များ တစ်ရွာလုံး နဲ့ တစ်ယောက် ထင်ရာလျှောက် လုပ် နေ ကြ သလဲ ။
မြန်မာပြည် မွဲတယ် ။သူတို့ ပြောမှ ပါ့  ။ ဒါ လူတိုင်းသိတယ် ။
ဘယ်အမတ် က လစာ တိုး မယူ ပါ ဘူး ပြောပြီး လစာ မယူဘဲ တိုင်းပြည်အတွက် လုပ်ပေးခဲ့သလဲ ။
လမ်း မကောင်းဘူး ။ တစ်နာရီ မိုင် ၁၂၀ တောင် မောင်း ချင်သေးတယ် ။ မိုင်လစ် မဆန့်လို့ ။
ရထားလမ်း မကောင်းဘူး ။
တစ်နာရီ မိုင် ၄၀၀ ရထား နောက် နှစ် က စပြီး နှစ် စဉ် ဘတ် ဂျက် ဆယ် ဆ တိုးတောင် နောင် ၅ နှစ် နဲ့ သေချာပေါက် မဖြစ်သေးဘူး ။
လေယာဉ်တင် သင်္ဘော မရှိ ဘူး ။ စစ်တပ် က ရေငုပ်သင်္ဘော ရချင် တာ ဆွေ့ဆွေ့ ခုန် နေပြီ။ ဘေး က စစ်ရေး ၊ ပင်လယ်ပြင် လုံခြုံရေး၊ ဘယ်လို မှ လွှတ်ထားလို့ မရဘူး ။ အမေရိကန် တရုတ် ကုလား လူလည်ကျတာတွေကို သိသိ ကြီး နဲ့ ခံနေရတာ ။
အဲဒီတော့ ဘာ တွေ စပြောင်းလဲမှာလဲ ။
အခု လွတ်လပ်စွာ ရေးသားခွင့် ဆိုတော့ သမ္မတ ကို ဆဲတယ် ။
အဲလို ဆဲလို့ တိုင်းပြည်က တိုးတက် သွားမှာ လား ။
ဒါ အစိုးရ မကောင်းတာဘဲ ။ ဒီလို ပြောနေလို့ စစ်တပ် ရော အစိုးရရော တိုင်းရင်းသားတွေရော တိုးတက် သွား မှာ လား ။
စစ်သားတွေ ခွေးနေ သလို နေထိုင် ရတာယတွေ မပြောဘူး ။
ပြည်ထဲရေး ရဲ မိန်းမ တွေ ပန်းရံ့ အလုပ် နေ့စား လက်ခစား အလုပ်တွေ လုပ်စားနေရတာ တွေ ကျတော့ မပြောဘူး ။
အား လုံး က အခက် အခဲ ကိုယ်စီနဲ့ ပါ ။
ဒီနေ့ လစာ ဆယ် ဆ တိုးပေး ပြီး ဒီအစိုးရ ဆင်းသွားကြည့် ။
သမ္မတကြီး အနား ယူမယ် ။ လစာ ဆယ်ဆ တိုးပေး ခဲ့မယ် ဆို လျှင် တိုင်းပြည် တိုးတက် သွား မယ် လို့ နားလည်ကြ
တာလား ။
ဝေးပါသေးတယ် ဗျာ ။
ကုန်ဈေး နှုန်းတက်ပြီး ရှိနေတဲ့ ကုန်ထုတ်လုပ် မှု ယန္တယား ကြီး ပါ ပြိုလဲ သွားမယ် ။
၅ နှစ် အတွင်း တရုတ် ပြည် နဲ့ ယိုးဒယား ၊ အိန္ဒိယ တို့ စီးပွားရေး ဝါး မြိုတာ ခံ ရ လိမ့်မယ် ။
ဘာလို့ ဒီလောက် ဒုန်းဝေး နေကြရတာလဲ ။
ဖက် ဒရယ် လုပ်ရအောင် ဆိုတော့ ။ ငြိမ်းချမ်းရေး လက်မှတ်မထိုး ချင် ဘူး ။ အသင့်ပြင် တိုက် ကြ စို့ ဆို ပြန်တော့ ဒါ တိုင်းရင်းသားကို အနိုင်ကျင့်ပါတယ် ။ လူမျိုး တုန်း သတ်ဖြတ်တယ် ။
ယနေ့ ရေကြီးတယ် မြေပြိုတယ် ။
သဘာဝဘေး ထူးထူး ခြား ခြား ရာသီဥတု ဖောက်ပြတ်မှုတွေ ကြုံတယ် ။
ဘီလီယံ တစ်ရာ နဲ လောက် အောင် သုံးပါ ဆိုသူက
ရှိသေးတယ် ။
ဘီလီယံ တစ်ထောင် သုံးသင့် သုံးရမယ် လေ ။
ပြောစရာတွေ က အများကြီးပါ ။ မဟာဘွဲ့တောင် မရဖူး သူ က တက္ကသိုလ် ပညာရေး ဝေဖန်တယ် ။
ပါမောက္ခ မလုပ် ဖူး သူက သင်ရိုး ညွှန်း တန်း အသစ် ရေး ခိုင်းနေသေးတယ် ။
ပညာရပ် တစ်ခု ကို
နိုင်ငံရေး
စီးပွားရေး
စစ်ရေး
ကာကွယ်ရေး
အုပ်ချုပ်ရေး
ဘာတစ်ခု မှ စနစ်တကျ ရင်းဖြား ကုန်စင် တတ်မြောက်အောင် သင်ယူ လေ့ကျက်ထားတာ မရှိပါဘဲ လူတတ်ကြီး လုပ်နေကြ သူတွေ စိတ်ကူးမယဉ်ကြသင့် တော့ ပါ ။
ဘယ်လို အစီအစဉ် ဘယ်လို မှုဝါဒ ဘယ်လို သွားမယ် ဆိုတဲ့ အပြုသဘောဆောင်တဲ့ အကြံပြု ချက် တကယ်လက်တွေ့ ဖြစ် နိုင်တဲ့ ယနေ့ နိုင်ငံရေး နဲ့ ခေတ်စနစ်က ခွင့်ပြု နိုင်တဲ့ ပေါ်လစီတွေ စည်းကမ်းတွေ ကို ရေးသား တင်ပြ ကြဖို့
လိုပါတယ် ။
ဖြစ် နိုင်တာကို ဦးစားပေး လုပ် ကြရပါမယ် ။
ဖြစ်သင့် ဖြစ်ထိုက် တာတွေ ထဲ က အဖြစ် နိုင်ဆုံး သေချာ တာ ကို လုပ် ကြဖို့ လိုပါတယ် ။
ဖြစ်ချင်တာ ကတော့ စိတ်ကူးထဲ ကူးပြီး နောက်လာနောက်သားတွေ အတွက် အိမ်မက် တွေ အဖြစ်
ထားရစ် ခဲ့ကြပါ ။
သူတို့ ခေတ် မှာ လိုအပ် ရင် သုံးကြပါလိမ့်မယ် ။
မူရင်းရေးသူကို
ခရက်ဒစ်
Thursday, October 15, 2015
ထမင်းစားရင် စဉ်းစားပါ ထမင်းစားရင် စဉ်းစားပါ ထမင်းစားရင် စဉ်းစားပါ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment