ဧရာဝတီ တံတား ( ထီးချိုင့် ) ဖွင့်တော့မည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®
ထီးချိုင့် အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့ ကို ကားလမ်းဖြင့် အဓိကဆက်သွယ် ပေးမည့် ဧရာဝတီတံတား(ထီးချိုင့်) တည်ဆောက်မှုသည် ယခုအခါ တံတားတစ်စင်းလုံး ရာနှုန်းပြည့် ပြီးစီးနေပြီး ယခုအောက်တိုဘာလ အတွင်း ဖွင့်တော့မည်ဖြစ်ကြောင်း သိရ၍ တံတားကြီး တည်ရှိရာ ထီးချိုင့် သို့ သတင်းနှင့် သတင်းဓာတ်ပုံများ ရယူရန် အောက်တိုဘာ ၇ ရက်က ကျွန်တော် သွားရောက်ခဲ့သည်။
ထီးချိုင့်သည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ ဖြစ်သော်လည်း တိုင်းချင်း ဆက်နေသည့် မန္တလေးသို့ သွားလို ပါက ဇက်ရေယာဉ်ဖြင့် ဧရာဝတီမြစ် ကို ဖြတ်သန်းပြီး မြစ် တစ်ဖက်ကမ်းရှိ မြတောင်ရောက်မှသာ မန္တလေးကို ကားနှင့် သွားနိုင်သလို မြတောင်မှလည်း ဧရာဝတီမြစ်ကို ဇက်ရေယာဉ်ဖြင့် ကူးဖြတ်ပြီးမှသာ ထီးချိုင့်သို့ ရောက်ရှိပြီး ကချင်ပြည်နယ် မြစ်ကြီးနားအထိ ကားနှင့်သွား၍ ရသောဒေသဖြစ်သည်။
နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတား ဦးစီးဌာနက တာဝန်ယူတည်ဆောက် ခဲ့သော ဧရာဝတီ တံတား(ထီးချိုင့်)၏ ကျေးဇူးကြောင့် ယခု အောက်တိုဘာ လအတွင်း၌ပင် ရန်ကုန်၊ မန္တလေး နှင့် အောက်အရပ်ဒေသမှပြည်သူများ ကချင်ပြည်နယ် မြစ်ကြီးနားသို့ သွားလိုလျှင် ရန်ကုန်-မန္တလေး- သပိတ်ကျင်း၊ တကောင်း၊ ဗန်းမော် ကားလမ်း မြတောင်လမ်းခွဲမှ တံတားပေါ်တက်၍ ထီးချိုင့်-ကသာမိုး ကောင်း-မိုးညှင်းကားလမ်းမှ ကချင် ပြည်နယ် မြစ်ကြီးနားသို့ ကားဖြင့်သွား နိုင်ကြတော့မည်ဖြစ်သည်။
ဧရာဝတီတံတား(ထီးချိုင့်)ဆိုင်ရာ အချက်အလက်များမှာ တည်နေရာ သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ထီးချိုင့်မြို့နယ်၌ ဖြစ်ပြီး မြတောင်မှ ထီးချိုင့်အထိ ပင်မ တံတားအရှည်မှာ ပေ ၅၉၃၀ နှင့် ချဉ်းကပ်တံတား (ထီးချိုင့်)ဘက်၌ ပေ ၉၀၀၊ ချဉ်းကပ်တံတား(မြတောင်) ဘက်၌ ပေ ၉၀၀ စီရှိ၍ စုစုပေါင်း တံတားအရှည်မှာ ပေ ၇၇၃၀ ရှိသည်။
တံတား တည်ဆောက်ပုံသည် ပင်မတံတားခန်းဖွင့်မှာ မီတာ ၁၂၀ (၁၅)ခန်း၊ ချဉ်းကပ်တံတား(ထီးချိုင့်) ဘက် နှင့် ချဉ်းကပ် တံတား(မြတောင်) တို့၏ ခန်းဖွင့်မှာ ပေ ၉၀ (၁၀) ခန်းစီတို့ဖြင့် တည်ဆောက်ထားပြီး တံတား အကျယ် ကားလမ်း ၂၈ ပေ၊ လူသွားလမ်း တစ်ဖက်သုံးပေ၊ ရေလမ်းကင်းလွတ်အမြင့် ၄၇ ပေ၊ ရေလမ်း ကင်းလွတ် အကျယ် ၃၂၆ ပေ ထားရှိသည်။
တံတားအမျိုးအစားမှာ လွန်တူး ပိုင်၊ သံကူကွန်ကရစ်ဖြစ်ပြီး ပင်မ တံတား သံမဏိသံပေါင်၊ ချဉ်းကပ် တံတား သံကူကွန်ကရစ်ဖြစ်သည်။ တံတားခံနိုင်ဝန်မှာ H.S-25 (ယာဉ် တစ်စီးချင်း ၇၅ တန်)ဖြစ်သည်။
အဆိုပါ တံတားကြီးကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီး ဌာန တည်ဆောက်ရေး(၃)နှင့် တည် ဆောက်ရေး (၁)တို့က တာဝန်ယူ၍ ၂၀၁၄ ခုနှစ် မေ ၅ ရက်က စတင်တည်ဆောက်ခဲ့ရာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ အထိ တည်ဆောက်သည့်ကာလ တစ်နှစ်နှင့် ငါးလ သာ ကြာမြင့် ခဲ့ကြောင်းသိရပြီး တံတား ကြီး၏ စီမံကိန်းတန်ဖိုးမှာ ကျပ် သန်းပေါင်း ၅၈၁၅၀ ကုန်ကျခဲ့ကြောင်း သိရသည်။
(ခရမ်းစိုးမြင့်)
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment