Friday, October 2, 2015

မဘသဆရာတော်များအား မလွန်ဈေးဗုဒ္ဓပူဇာနိယကထိကအသင်းကြီး၏ ဝေယျာဝစ္စလူငယ်များ ဘုံဆွမ်းလောင်းအသင်း က ယနေ့ (သောကြာနေ့) ဝန်ချတောင်းပန်

မဘသဆရာတော်များအား မလွန်ဈေးဗုဒ္ဓပူဇာနိယကထိကအသင်းကြီး၏ ဝေယျာဝစ္စလူငယ်များ ဘုံဆွမ်းလောင်းအသင်း က ယနေ့ (သောကြာနေ့) ဝန်ချတောင်းပန်

မန်းလေးမြို့  ၃၂×၃၃ ကြား ၊ ၈၅ ×၈၆ ကြားရှိ၊ မလွန်ဈေးဗုဒ္ဓပူဇနိယကထိနအသင်းကြီးဝေယျာဝစ္စလူငယ်များ ဘုံဆွမ်းလောင်းအသင်းစာတမ်းအောက်တွင် မဘသကန်တော့ဆွမ်းဆိုသည့် စာကပ်ပြီး ဓာတ်ပုံရိုက်ကာလူမှုကွန်ယက်ပေါ်တွင် တင်ခဲ့မိသည့်အတွက် မဘသဆရာတော်များကို အဆိုပါ ဘုံဆွမ်းလောင်းအဖွဲ့က ဝန်ချတောင်းပန်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

ဝန်ချတောင်းပန်ပွဲအားယနေ့ညနေငါးနာရီအချိန်တွင်ချမ်းအေးသာစံသံဃာ့နာယကအဖွဲ့ရှိရာအိမ်တော်ရာဘုရားနောက်မိုးကောင်းတိုက်တွင်ပြုလုပ်မည်ဖြစ်ပြီး စိတ်ဝင်စားသူမည်သူမဆို တက်ရောက် နိုင်ကြောင်း သိရသည်။
မန္တလေးသားတစ်ဦးဖြစ်သူကိုသန်းနိုင်ကဝေယျာဝစ္စလူငယ်များ၏ အမှားကိုဝန်ခံပြီး တောင်းပန်ရဲသည့် သတ္တိကို မန္တလေးသားတစ်ဦးအနေဖြင့် ဂုဏ်ယူမိကြောင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ မန္တလေးသားတွေ မရိုင်းပါဘူး။ ကိုယ့်အမှားကိုယ် တာဝန်ယူတတ်တယ်။ မှားမှန်းသိရင် ဝန်ခံရဲသလို တောင်းပန်ရဲတယ်ဆိုတာဒီလူငယ်လေးတွေက ပြလိုက်တာပါ။ ကျွန်တော်တို့အနေနဲ့ ဘယ်ပါတီကိုမဆို မထောက်ခံခွင့်၊ ထောက်ခံခွင့်ရှိသလို ကြိုက်တဲ့ဘာသာတရားကိုကိုးကွယ်ခွင့်ရှိတယ်။ မကိုးကွယ်ခွင့်လဲရှိတယ်။ ဒါပေမယ့် ဘယ်ဘာသာကိုမှ စော်ကားခွင့်မရှိဘူး။ နိုင်ငံရေးပါတီတစ်ချို့ရဲ့ သွေးထိုးမြှောက်ပင့် ပေးမှုကြောင့် ဆွမ်းလောင်းအသင်းကလူငယ်လေးတွေရဲ့ လုပ်ရပ်ဟာ သံဃာတွေကိုစော်ကားသလို သံဃာသင်းခွဲသလို ဖြစ်သွားတယ်။ အမှန်ကို မြင်တဲ့အချိန်မှာ လူငယ်ပီပီရဲရဲရင့်ရင့်နဲ့ အမှားကိုဝန်ခံပြီးတောင်းပန်ကြတဲ့အတွက် မန္တလေးသားတစ်ဦးအနေနဲ့ ဂုဏ်ယူမိပါတယ်”ဟု ၄င်းက ဆိုသည်။

“မဘသကိုအမျိုးမျိုးပုတ်ခတ်စော်ကားနေသူတွေ ကြည့်လိုက်ရင် NLD ပါတီကိုထောက်ခံသူတွေချည်းပါ။  မဘသအနေနဲ့ ဘယ်ပါတီဖက်ကမှ မပါသလိုဘယ်ပါတီကိုမှ ပုတ်ခတ်တိုက်ခိုက်နေတာလဲမရှိပါဘူး။ နိုင်ငံရေးသမားတွေ အနေနဲ့ မဘသလိုအမျိုးဘာသာသာသနာအတွက် လုပ်နေတဲ့ သံဃာတော်များအဖွဲ့ကြီးကို ပုတ်ခတ်စော်ကားနေလို့ကတော့ ဗုဒ္ဓဘာသာအများစုဖြစ်တဲ့မြန်မာနိုင်ငံမှာ သူတို့အတွက် နေရာမရှိဘူးလို့ တစ်ခါတည်းပြောပါရစေ။ မြန်မာနိုင်ငံမှာနေပြီးတော့ ဗုဒ္ဓဘာသာသံဃာတော်တွေကိုစော်ကားမယ် ဆိုရင် ကျွန်တော်တို့ လက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတာကိုလည်းတစ်ပါတည်းသတိပေးလိုက်ပါတယ်။ ရတနာသုံးပါးကိုမပြစ်မှားပါနဲ့။ သံဃာတော်တွေကိုမစော်ကားပါနဲ့။ သံဃာတွေ ၀ိနည်းနဲ့ ညီအောင် နေခြင်းမနေခြင်းဟာ သက်ဆိုင်ရာသံဃာတွေကိုယ်တိုင် ခံစားရမယ့် ဆိုးကျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုသာမန်လူတွေကဘယ်သံဃာမဆိုမစော်ကားမိဖို့ လိုတယ်။ သင်္ဃန်းဆိုတာ ဘုရားသားတော်ဆိုတဲ့ အနေအထားကိုဖော်ပေးနေတာပါ။ သံဃာကိုစော်ကားတာဟာ ဘုရားကိုထိပါးတာနဲ့ အတူတူပါပဲ။ ကမ္ဘာမှာ ဘယ်ဘာသာဝင်မှ ကိုယ့်ဘာသာကိုဆဲဆိုစော်ကားတာကို ကြည်ကြည်ဖြူဖြူ ကြည့်နေကြမှာမဟုတ်ဘူး။ အီတလီမှာပုပ်ရဟန်းမင်းကြီးကိုဆဲကြည့်ပါလား။ ဆော်ဒီမှာ အလာဟ်ကိုဆဲကြည့်ပါလား။ ဘယ်ရမလဲ။  နောက် အခုဆက်ပြီးသံဃာတော်တွေကိုပုတ်ခတ်နေတဲ့ NLD ပါတီဝင်တွေ၊ ထောက်ခံသူတွေကိုသတိပေးလိုက်ပါမယ်။ သံဃာကို ပြစ်မှားရင် ဒုက္ခ အကြီးအကျယ် ရောက်မယ် ဆိုတာပါပဲ။ ဒီလုပ်ရပ် ဘယ်ကစသလဲ ပြန်ကြည့်ရင် ရွှေဇီးကွက်ကစတာ။ မဘသကိုယ်တော်တွေ ဆိုရင် ဆွမ်းမလောင်းဘူးဆိုပြီးတော့။ အခုနောက်ပိုင်း ၀ိုင်းဆိုတဲ့ ငမူးဆေးသမားလည်းပါလာတယ်။ နောက်ပြီးတော့ အနုပညာရှင်တွေ သတိရှိစေလိုပါတယ်။ ခရစ်ယာန်လို ဘာသာခြားတွေက မဘသဆန့်ကျင်တဲ့ ပွဲတွေ၊ ကန်ပိန်းတွေမှာမပါပါနဲ့။ အထင်အမြင် လွဲမှားမှုတွေ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် ချစ်သုဝေ၊ သံသာဝင်း၊ ဖြူဖြူကျော်သိန်းစတဲ့ ဗုဒ္ဓဘာသာမဟုတ်တဲ့ သူတွေ သတိပြုစေလိုပါတယ်။ ဒါက ကျွန်တော်တို့ အလေးအနက်ထားပြီးသတိပေးနေတာ ဖြစ်ပါတယ်။” ဟုဆက်လက်ပြောကြားခဲ့သည်။

ဝေယျာဝစ္စလူငယ်များသည် မဘသသံဃာတော်များကိုစော်ကားရာရောက်စေခဲ့သည့် လုပ်ရပ်အတွက် အရှက်ကြီးရှက်ရကာ မန္တလေးမြို့၏ ဂုဏ်သိက္ခာကိုထိခိုက်စေခဲ့သည့်အတွက် ယခုလို ၀န်ချတောင်းပန်ရခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။

No comments:

Post a Comment