အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂ ရက် (ယနေ့) တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ကချင်အမျိုးသား ရိုးရာ ယဉ်ကျေးမှုဘက်စုံ အားကစားကွင်းတွင် ရွေးကောက်ပွဲအောင်နိုင်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့သည်။ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးလူထုဟောပြောပွဲသို့ မြစ်ကြီးနာမြို့ဒေသခံများ၊ ဖားကန့်မြို့ဒေသခံများ၊ တနှိုင်းမြို့ဒေသခံများအပါအ၀င် အနီးပတ်ဝန်းကျင်ရှိ တိုင်းရင်းသားဒေသခံအများအပြားတက်ရောက်ခဲ့သည်။
No comments:
Post a Comment