ကျန်းမာတော်မူကြပါစခင်ဗျာ
မြောက်ပိုင်း နဲ့ အထက်ပိုင်းဒေသများတွင်
မိုးအားလျော့နည်းနိုင်ပါတယ်။
၁၁-၁၀-၂၀၁၅ နံနက်(၆း၅၁)နာရီ
၂၀၁၅ ခုနှစ်၊အောက်တိုဘာလ(၁၁)ရက်နေ့
အတွက်မိုးလေ၀သခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ
၁၁-၁၀-၂၀၁၅ရက် နံနက် ၀၉း ၁၅နာရီအချိန် KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ် အော် မြောက်ပိုင်း၊တောင်ပိုင်း နှင့်အလယ်ပိုင်း
တို့မှာ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား
ပင်လယ်အော် မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ မြန်မာတစ်ပြည်လုံးမှာ
တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ
မြန်မာ့ကမ်းရိုးတန်းတလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်းအနည်းငယ် မှ
လှိုင်းအသင့်အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း တလျောက် နဲ့ ကမ်းလွန် ပင်လယ်ပြင်တွေမှာ လှိုင်း အမြင့် (၂) ပေ မှ (၄) ပေ ခန့် အထိရှိနိုင် ပါတယ်။
နေ့အပူချိန်များအခြေအနေ
နေ့အပူချိန်များဟာ၊ကချင်ပြည်နယ်၊ချင်းပြည်နယ် ၊ရှမ်းပြည်နယ် နှင့် ကယားပြည်နယ် တို့တွင် နေအပူချိန် 20°C-28°C ခန့်၊ ၊ ကျန် တိုင်းဒေသကြီး များ နဲ့ ပြည်နယ် ဒေသ များတွင် နေ့အပူချိန် များဟာ 29°C-32°C ရှိနိုင်ပါတယ်။
မိုးတိမ်တောင်အခြေအနေ
မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာမိုးတိမ်တောင်များ ထူထပ်စွာဖြစ်ပေါ်နေပြီး၊ ကျန် တစ်ပြည်
လုံး မှာ မိုးတိမ်တောင် များအသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့ မှာ မိုးတိမ်တောင်
များ အသင့်အတင့် ဖြစ်ထွန်း နိင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်
ကချင်ပြည်နယ် ၊ချင်းပြည်နယ် ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ် မန္တလေးတိုင်းဒေသကြီး ၊ မကွေးတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်း
ဒေသကြီး တို့မှာ နေရာစိပ်စိပ်၊ကျန် ဒေသ
တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်
မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ မိုးဆက်လက်ထစ်ချုန်းရွာ နိုင်ပါတယ်။
credit: ဒေါက်တာထွန်းလွင်
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment