Saturday, October 10, 2015

စနေနေ့ က ကစားခဲ့ ကြတဲ့ ယူရို ၂၀၁၆ ခြေစ⁠စ် ပွဲ တွေ အကြောင်း ပြောရ⁠ရင်

စနေနေ့ က ကစားခဲ့ ကြတဲ့ ယူရို ၂၀၁၆ ခြေစ⁠စ် ပွဲ တွေ အကြောင်း ပြောရ⁠ရင်

ဝေးလ်စ် အသင်း က ဘော့စနီးယား-ဟာဇီကိုဗီးနား အသင်း ကို ၂ ဂိုးပြတ် နဲ့ ရှုံးခဲ့ ပေမယ့် ၊ အုပ်စု ဘီ တစ်အုပ်စုထဲက နောက်ပွဲ မှာတော့ ဆိုက်ပရပ်စ် က အစ္စရေး အသင်းကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ယူ ခဲ့တဲ့ အတွက် ဝေးလ်စ် အနေနဲ့ အုပ်စု ဒုတိယ နေရာ အတွက် သေချာ ခဲ့ပြီး အခုဆို ခြေစစ်ပွဲ အောင် မြင်သွားပြီ ဖြစ်ပါတယ်။

ဒါဟာ ၅၇ နှစ် အတွင်း ဝေးလ်စ် အသင်း အတွက် ပထမဆုံး အကြိမ် အဓိက နိုင်ငံတကာ ပြိုင်ပွဲ ကြီး တစ်ခု မှာ ပါဝင် ခွင့် ရလာတာ ဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ် က အဲန်ဒိုရာ ကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရလို့ အုပ်စု B ဗိုလ် နေရာကို ဝေးလ်စ် အသင်းဆီ ကနေ ရယူပြီး ခြေစစ်ပွဲ အောင် သွားပါတယ်။

အုပ်စု H မှာလည်း အီတလီ က အာဇာ ဘာဂျန် အသင်းကို ၃ ဂိုး ၁ ဂိုး နဲ့ နိုင်ပြီး၊ ခြေစစ်ပွဲ တွေ မှာ ရှုံးပွဲ မရှိ စံချိန်နဲ့ ယူရို ၂၀၁၆ ကို ဝင်ရောက် သွားပြီ ဖြစ်ပါတယ်။

ကျန်ပွဲစဉ် တွေ ထဲက ကောက်နှုတ် ပြောရ⁠ရင် တူရကီ က ချက် မြေ ပေါ်မှာပဲ ၂ ဂိုးပြတ် နဲ့ အနိုင်ယူ လိုက် သလို၊ နော်ဝေလည်း မော်လ်တာ ကို ၂ ဂိုးပြတ်၊ ခရိုအေရှားက ဘူလ် ဂေးရီးယား ကို ၃ ဂိုးပြတ် တို့နဲ့ အသီးသီး အနိုင် ရခဲ့ ကြပါတယ်။



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment