နူးညံ့သိမ်မွေ့တဲ့ ဘာသာဟာ ကြမ်းတမ်းရက်စက်သူတို့နဲ့ ကြုံလာလို့ရှိရင် မင်းတို့ရဲ့အကာအကွယ် မလိုဘူးလား လိုလား…။ လိုလာတယ်နော်။ အဲ့ဒီလို လိုလာတော့ ဘုန်းကြီးတို့ မနှစ်ကတုန်းက ဒီလူမျိုး ဒီဘာသာ ဒီသာသနာ မကွယ်ပျောက်ဖို့ ဆိုပြီးတော့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုပြီးတော့ ရဟန်းနဲ့လူနဲ့ရောနှောတဲ့ အဖွဲ့အစည်းတစ်ခု ဖွဲ့လိုက်တယ်။ ရန်ကုန်မြို့မှာ ဗဟိုဋ္ဌာန ဆိုပြီးတော့ ဖွဲ့တယ်။ အဲ့ဒီ အဖွဲ့အစည်းက အဖွဲ့မဖွဲ့ခင်ကတည်းက ကြိုတင်ပြီးတော့ ဘာနှလုံးသွင်းကြလဲ….မျိုးစောင့်ဥပဒေ..နိုင်ငံတော်ကို တင်ပြီးတောင်းမယ်။ မျိုးစောင့်ဥပဒေ (၄)ချက်ဆွဲတယ်။
ဒီမျိုးစောင့်ဥပဒေကို နည်းနည်း ဘုန်းကြီးပြောပြမယ်နော်။ ဘာဖြစ်လို့ ပြောပြတာလဲ..မျိုးစောင့်ဥပဒေနဲ့ ပတ်သက်ပြီးတော့ အမျိုးမျိုးသော ဝေဖန်သံတွေ ရှိနေလို့။ တချို့က လုံးဝ မကြားဖူးဘူး။ သူပြော ဟုတ်မှာပဲ..သူပြော ဟုတ်မှာပဲ..နဲ့လေ။ အဲ့ဒီလိုနဲ့ ဖြစ်နေတော့…ဘုန်းကြီးတွေပဲ တော်တော်အသုံးမကျတဲ့အထဲ ပါပါသွားတယ်ပေါ့။ အခြေအနေကလေ..။
ဒီမျိုးစောင့်ဥပဒေက ဘယ်သူလုပ်တာလဲ ဆိုရင်တော့ ဥပဒေပညာရှင်တွေ လုပ်တာပေါ့။ ဘယ်သူတောင်းဆိုတာလဲ ဆိုရင်တော့ သံဃာတော်တွေ တောင်းဆိုတာပေါ့။ အဲ့တော့ ကိုယ်စားအနေနဲ့ ဘုန်းကြီးက အဲ့ဒီ ဦးနုလက်ထက်က ပါလီမန်အမတ်တွေထဲမှာ အသက်ရှင်ကျန်တဲ့ အငယ်ဆုံးအမတ် တစ်ယောက် ရှားရှားပါးပါး ရှိသေးတယ်။ အဲ့ဒီ ဒကာကြီးဆီ သွားပြီးတော့ မျိုးစောင့်ဥပဒေ ဆွဲပေးပါ… တခြားဘာသာတွေကိုလည်း မထိခိုက်ပါစေနဲ့။ သူတို့ ထိခိုက်ဖို့ မဟုတ်ဘူး..ကိုယ့်ဘာသာ မကွယ်ပျောက်အောင်တော့ ကာကွယ်မှ ဖြစ်မယ်။
အရှင်ဘုရား ဘာဖြစ်လို့လဲ...မြန်မာပြည် အခြေအနေကြည့်နော်.. ဘာသာခြားတွေ လူဦးရေ အဆမတန် များလာပြီ.. အဲ့ဒီနည်းလမ်းနဲ့ ဘင်္ဂလားဒေ့ရှ် အိန္ဒိယ ပါကစ္စတန် အင်ဒိုနီးရှား မလေးရှား ကုန်သွားခဲ့ပြီ။ ဗုဒ္ဓဘာသာ ပျောက်သွားပြီ။ အခု ထိုင်းနိုင်ငံ..တော်တော်များနေပြန်ပြီ ရှင်းလို့မရတော့ဘူး။ မြန်မာပြည်.. မကြာခင် လာမည် ဖြစ်လိမ့်မယ်..အဲ့တော့ ကြိုတင်ကာကွယ်မှ ရမယ်.. နောက်တောင်ကျနေပြီ ဒကာကြီး။ သို့သော် အခုအချိန်လုပ်ရင် မှီသေးတယ်။ အဲ့တာ ဘုန်းကြီး လေးကြိမ်လောက် မေတ္တာရပ်ခံရတယ်။ ဆွဲပေးပါ..ဆွဲပေးပါ..ဘုန်းကြီးလိုချင်တဲ့ အချက်အလက်လေးတွေ ပြောပြတယ် ဆွဲခိုင်းတယ်။ ဒီဒကာကြီးကလဲ ဆွဲပေးပါတယ် မျိုးစောင့်ဥပဒေတဲ့။ ဘာသာခြားကို စော်ကားဖို့လား..ကိုယ့်ဘာသာကို ကာကွယ်ဖို့လား.. (ကိုယ့်ဘာသာကို ကာကွယ်ဖို့ပါ ဘုရား)
အဲ့ဒီမှာ ဘာသာတိုင်းမှာ တန်းတူညီမျှ အခွင့်အရေး ရှိရမယ်။ ဒီမိုကရေစီ ဆိုတာ ဘာလဲ…လွတ်လပ်တယ်..တန်းတူညီမျှ အခွင့်အရေး ရှိတယ်။ ဘုန်းကြီးတို့ မြန်မာပြည်ထဲမှာ အစ္စလာမ်ဘာသာဝင်တွေက “အစ္စလာမ်သည် အစ္စလာမ် မဟုတ်သူနှင့် လက်ထပ်ခွင့် မရှိ၊ အစ္စလာမ် အချင်းချင်းပဲ လက်ထပ်ရမယ်” အဲ့ဒီလို ပြောလိုက်တော့ အစ္စလာမ် မိန်းကလေးတွေ ဘာသာခြားနဲ့ လက်မထပ်ရတော့ဘူး။ ဟိန္ဒူသည် ဟိန္ဒူချင်း လက်ထပ်ရမယ်။ ဟိန္ဒူချင်းတောင် ဇာတ်တူချင်း.. ဗြဟ္မဏ ဗြဟ္မဏချင်း…ခတ္တိယ ခတ္တိယယချင်း.. သုဒ္ဒ သုဒ္ဒချင်း။ အဲ့လို ဇာတ်တူချင်း လက်ထပ်ရမယ်။ ဒါ မြန်မာပြည်ထဲမှာ ပြဋ္ဌာန်းထားတာ။ အင်္ဂလိပ် လက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့တာ နော်။ ဒီနေ့အထိ ရှိတုန်း…မပယ်ဖျက်ရသေးတဲ့ ဥပဒေပေါ့။
ပြီးတော့ ခရစ်ယာန်သည် ခရစ်ယာန်ချင်း လက်ထပ်ရမယ်.. ခရစ်ယာန် မဟုတ်သူနဲ့လည်း လက်ထက်နိုင်တယ်။ သို့သော် Church ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာဖြစ်စေ.. ခရစ်ယာန်တို့ရဲ့ လက်ထပ်ပေးခွင့်ရှိသူထံမှာ ဖြစ်စေ လက်ထပ်ရမယ်။ အဲ့တော့ ဘာပြောတာလဲ.. ခရစ်ယာန်သည် ခရစ်ယာန်ချင်းသာ လက်ထပ်ရမယ်.. ဘာသာခြားကို သွားလက်မထပ်ရ။ ဘာသာခြား မယူရ ဆိုတဲ့ အဓိပ္ပာယ် မသက်ရောက်ဘူးလား.. သက်ရောက်လား…။ ခရစ်ယာန် မဟုတ်သူနှင့် လက်ထပ်လို့ရှိရင် ဘုရားရှိခိုးကျောင်းထဲ လက်ထပ်ရမယ်။ ဘုရားရှိခိုးကျောင်းထဲ လက်ထပ်ရမယ်ဆိုရင် ခရစ်ယာန်ဘာသာထဲ ၀င်ရတာပဲ။ အတူတူပဲ သူ့ဘာသာထဲ ၀င်ရမယ်။
အဲ့တော့ အစ္စလာမ်ကလည်း အစ္စလာမ်ချင်း လက်ထပ်ရမယ် ပြောတဲ့အတွက် သူ့ဘာသာဝင်က ဒီကို လာမယူတော့ဘူး။ ဒီကမိန်းကလေးတွေ သူတို့နဲ့ လက်ထပ်မယ်ဆိုရင်လည်း သူ့ဘာသာဝင်မှ လက်ထပ်ရမယ်ဆိုတော့ သူ့ဘာသာထဲ ပြောင်း… အဲ့တော့ သူတို့ဘာသာ သုံးခုလုံးဟာ ဥပဒေ အကာအကွယ်တွေ ယူထားလား.. ယူမထားဘူးလား.. အကာအကွယ်မဲ့နေတာ ဘာလဲ.. ဗုဒ္ဓဘာသာ.. ဒလဟာ ဟင်းလင်းပြင် ဘယ်သူဝင်ဆွဲဆွဲ ရတဲ့ဘာသာ နော်..။ အဲ့တာ ဘာဘာသာလဲ.. ဗုဒ္ဓဘာသာ။ ဗုဒ္ဓဘာသာမိန်းကလေးကို ဘယ်ဘာသာမဆို လာယူနိုင်သည်… ဟော ကြေငြာလို့တောင် ရတယ်။ အဲ့သလို ဘာသာဖြစ်နေတယ် နော်။ သူတို့က သူတို့ဘာသာမှာပဲ လက်ထပ်ရမယ် ပြောတဲ့အတွက် ဗုဒ္ဓဘာသာ မိန်းကလေးတစ်ယောက်ဟာ အစ္စလာမ်ဘာသာဝင်နဲ့ လက်ထပ်မယ်ဆိုရင် ဗလီမှာပဲ လက်ထပ်ရတယ်။ ဗလီမှာ လက်ထပ်မှ တရားဝင်တယ်.. သူတို့ဘာသာရဲ့ ထုံးစံ။ အဲ့တော့ ဗလီမှာ လက်ထပ်ရင် သူတို့ဘာသာထဲ ပါသွားရောလေ..။ ကဲ.. ဒါဖြင့် ၁၉၅၄ခုနှစ်မှာ “မြန်မာမိန်းကလေးတွေ ရှုံးနေလို့ ရှုံးနေလို့ ဆိုပြီးတော့ အကာအကွယ်ပေးတဲ့ ဥပဒေတစ်ခု ထပ်ဆွဲတယ်.. အိမ်ထောင်ခန်း ဥပဒေ” အဲ့ဒီဥပဒေမှာ ဘာပါလဲ… မြန်မာမိန်းကလေးသည် မြန်မာတရားရုံးမှာ လက်ထပ်ရမယ်။ အဲ့တာဆိုရင် လင်မယားချင်း အခန့်မသင့်လို့ ကွာရှင်းတောင်မှ ဗုဒ္ဓဘာသာ ဥပဒေအတိုင်း ဆုံးဖြတ်ရမယ်။ ဗုဒ္ဓဘာသာ ဥပဒေအတိုင်း ဆုံးဖြတ်တဲ့အတွက် တစ်ယောက်တစ်ဝက် ပိုင်ဆိုင်သမျှ ရတယ်..နော်။
ဒါပေမဲ့လို့ ဘာသာခြားနဲ့ လက်ထပ်တဲ့ ဗုဒ္ဓဘာသာမိန်းကလေး… ဘယ်မိန်းကလေးမှ မြန်မာတရားရုံးမှာ လက်မထပ်ဘူး။ ဒါဖြင့် မြန်မာတရားရုံးမှာ လက်ထပ်ရမယ်လို့ မြန်မာပြည်ဥပဒေက ပြောထားတယ်.. သို့သော် သူတို့ဘာသာဥပဒေက သူတို့ဘာသာ တရားရုံးမှာ လက်ထပ်မှ တရားဝင်လို့ ပြောတဲ့အတွက်.. လက်ထပ်မှု တရားဝင် ဖြစ်စေချင်တော့ သူတို့ဘာသာ ဗလီမှာ.. Churchမှာ.. ဘုရားရှိခိုးကျောင်းမှာ.. အဲ့ဒီမှာ သွားသွားလက်ထပ်တဲ့အတွက် တကယ်တမ်း တရားတဘောင်ထဲ ဖြစ်ရော.. ဗုဒ္ဓဘာသာမိန်းကလေး လက်ထပ်စာချုပ် ကြည့်လိုက်တော့.. ဗလီစာချုပ်နဲ့ဆို ဗလီအတိုင်းရှင်း.. Church စာချုပ်နဲ့ဆို Church အတိုင်းရှင်း.. မြန်မာတရားရုံးမှာ လက်ထပ်မှ မြန်မာ ဗုဒ္ဓဘာသာရဲ့ ထုံးစံအတိုင်း ရှင်းရတာ။ ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ရှင်းမှ တစ်ယောက်တစ်ဝက် ရပိုင်ခွင့် ရှိတာနော်။
အဲ့တော့ သူတို့က သူတို့ဘာသာရဲ့ ထုံးစံအတိုင်း တရားဝင်ဖြစ်အောင် လက်ထပ်ရမယ်ဆိုတော့ တရားဝင်ဖြစ်တော့ ဘာရလဲ… ဘာမှ မရဘူး။ တရားဝင်ဖြစ်သွားပြီ ဟုတ်ပြီ တရားဝင်ဖြစ်တော့ ဘာရလဲ။ သူတို့က မပေါင်းချင်တော့ဘူးဆိုရင် “တစ်လက် သုံးခါ ခေါ်တယ်” လို့ သူတို့ဘာသာအရ သုံးပါတယ်။ မြန်မာလို ပြောရင်တော့ ဒီမိန်းမကို ရွံတယ် မပေါင်းချင်ဘူး ထွီလို့ စထွေးသုံးခါထွေးတာ။ အဲ့ဒီလို လုပ်လိုက်ရင် အဲ့မိန်းမ ဆင်းသွားတော့.. ဘာမှ မရဘူး။ အဲ့တော့ သူတို့ဘာသာအတိုင်း လက်ထပ်မှ တရားဝင်တယ် ပြောတယ်။ တရားဝင်တော့ ဘာရလဲ ဘာမှမရဘူး.. အခွံချည်းပဲ ပြန်လာခဲ့။ အဲ့လိုဆိုတော့ မြန်မာမိန်းကလေးတွေ ဗုဒ္ဓဘာသာ မိန်းကလေးတွေမှာ အဖက်ဖက်က ဘာဖြစ်လဲ.. နစ်နာနေတယ်။
နောက် ၁၉၅၄ခုနှစ် ဥပဒေမှာ ဘာပြောထားလဲ.. မည်သူမဆို အသက်၁၄နှစ် ပြည့်ပြီးတဲ့ မြန်မာ ဗုဒ္ဓဘာသာ မိန်းကလေးကို လွတ်လွတ်လပ်လပ် လက်ထပ်နိုင်သည်.. တဲ့။ ပြီးရော..။ ကိုယ့်သမီး ၁၄နှစ်ကို ဟို ၆၀နဲ့ ပေးစားရမလို ဖြစ်နေပြီ။ ဥပဒေရဲ့ အားနည်းချက်ကို ပြောတာ။ မြန်မာယဉ်ကျေးမှုမှာ ၁၈နှစ်..နော်။ အဲ့လိုဖြစ်ရမဲ့ဟာကို ၁၄နှစ်နဲ့ ခွင့်ပြုထားတယ်.. ၅၄ဥပဒေ တော်တော်ကောင်းတယ်.. စိတ်ပျက်ဖို့.. နော်။ အဲ့တာကြီး ကိုင်ကိုင်ပြီး ဥပဒေသမားတွေ ပြောတယ်။ ဒီတော့ ဘုန်းကြီးတို့ ပြောချင်တာက.. ဒီဥပဒေတွေ ရှိနေတယ်။ အစ္စလာမ်က သူ့အကာအကွယ်နဲ့.. ဟိန္ဒူကလည်း သူ့အကာအကွယ်နဲ့.. ခရစ်ယာန်ကလည်း သူ့အကာအကွယ်နဲ့။ တို့ဗုဒ္ဓဘာသာ တစ်ခုတည်းပဲ အကာအကွယ် မရှိတော့.. ဗုဒ္ဓဘာသာ ကာကွယ်ဖို့ ဥပဒေ လိုအပ်တယ်။
အဲ့ဒီမှာ ယောက်ျားလေးနဲ့ မိန်းကလေး.. ဘယ်သူ့ကို ကာကွယ်ရမလဲ..(မိန်းကလေးကို ကာကွယ်ရမှာပါ ဘုရား)။ ဘာဖြစ်လို့လဲ.. (၁) မိန်းကလေးက အားနွဲ့သူ ဖြစ်တယ်။ (၂) ဘာသာတစ်ခု လူမျိုးတစ်ခု ပြန့်ပွားရေးမှာ မိန်းကလေးသည် မျိုးပွားပေးတဲ့သူ ဖြစ်တယ်။ ရဟန်းသံဃာတွေ ဘယ်သူမွေးပေးတာလဲ.. မိန်းကလေးတွေ။ နိုင်ငံ့ခေါင်းဆောင် ဘယ်သူမွေးပေး.. (မိန်းကလေးတွေပါ ဘုရား)။ အဲ့တော့ ဘုန်းကြီးတို့က မိန်းကလေးတွေ မကာကွယ်လို့ မဖြစ်ဘူး.. ကာကိုကာကွယ်ရမယ် နော်။ အဲ့တာကြောင့်မိုလို့ မျိုးစောင့်ဥပဒေ ဆွဲတယ်။ တခြားဘာသာတွေမှာ သူတို့ဘာသာ ဒီလို ဒီလို အကာအကွယ်တွေ ယူထားတယ်.. ဒါ့ကြောင့် ဗုဒ္ဓဘာသာကလည်း တန်းတူအခွင့်အရေး အနေနဲ့ ဒီလိုအကာအကွယ် ပေးသင့်ပါတယ် ဆိုပြီးတော့.. သူတို့ အကာအကွယ် ယူတဲ့အတိုင်း ဘုန်းကြီးတို့ အကာအကွယ် ဥပဒေ တောင်းတယ်.. နော်။ အဲ့တာ မတရားဘူးလား.. တရားလား.. (တရားပါတယ် ဘုရား)။
သူတို့တောင် ကာကွယ်ထားသေးတာ.. ကိုယ့်နိုင်ငံထဲဝင် ပိုင်စိုးပိုင်နင်း လုပ်ထားတာနော်.။ ကိုယ့်နိုင်ငံထဲဝင် ပိုင်စိုးပိုင်နင်း ဒီလို လုပ်ထားတယ်ဆိုရင် ကိုယ်က ရေခံမြေခံလူအနေနဲ့ သူတို့လိုပဲ တန်းတူအကာအကွယ်တော့ ရသင့်တယ်။ သို့သော်.. ပြဿနာက ဘယ်ကစလဲဆိုတော့.. ခုန ညီညွတ်ရင် ချမ်းသာတယ်လို့ ပြောတာ မညီညွတ်တော့.. (မချမ်းသာပါဘူး ဘုရား)။ အဲ.. လူထုခေါင်းဆောင်က စတယ်။ လူထုခေါင်းဆောင်ဆို သိတယ်နော်။ ဒါ ပုဂ္ဂလဒိဋ္ဌာန်နဲ့ တိုက်ခိုက်တာ မဟုတ်ဘူး.. ပြဿနာ ဖြစ်ပုံကို ပြောပြတာနော်။ လူထုခေါင်းဆောင်က ဘာပြောလဲ.. မျိုးစောင့်ဥပဒေသည် လူ့အခွင့်အရေးနဲ့ မကိုက်တဲ့အတွက် ကန့်ကွက်တယ်။ ဒါဖြင့်ရင်.. အဲ့လူထုခေါင်းဆောင် မျိုးစောင့်ဥပဒေ ဖတ်ပြီးပြီလားဆိုတော့ တစ်လုံးမှ မဖတ်ရသေးဘူး။ သူကန့်ကွက်တဲ့အချိန်မှာ ပြောတာနော်။ တစ်လုံးမှ မဖတ်ရသေးဘူး။
ဘယ်သူက ကြေငြာလို့ သူက ကန့်ကွက်တာလဲဆိုတော့.. ဧရာဝတီ သတင်းဋ္ဌာန.. ဒါ ကုလားသတင်းဋ္ဌာန.. ပြဿနာတက်အောင် သူက ဖွပြီး ရေးပေးလိုက်တာ။ သူတို့သတင်းဋ္ဌာနမှာ ရေးတဲ့စာလုံး တစ်လုံးမှ ဘုန်းကြီးတို့ မျိုးစောင့်ဥပဒေထဲမှာ မရှိဘူး။ ဗုဒ္ဓဘာသာ မိန်းကလေးသည် ဘာသာခြား လက်မထပ်ရလို့ ပြောတယ် ဆိုပြီးတော့.. တစ်လုံးမှ ဒီထဲမှာ မပါဘူး.. မျိုးစောင့်ဥပဒေထဲမှာ။ ဒါဖြင့် ဧရာဝတီ သတင်းဋ္ဌာန ဖွတဲ့ဟာကို ကြည့်ပြီးတော့ လူထုခေါင်းဆောင်က မဆင်မခြင်.. သူ့လက်ထဲ ဥပေဒစာအုပ်ရောက်လို့ သေချာဖတ်ကြည့်ပြီးတော့.. ဟုတ်တယ် ဒါမတရားဘူးဆို တစ်မျိုးပေါ့။
အဲ့ဒီလိုလည်း မဖတ်ရသေးဘဲနဲ့ ကန့်ကွက်တယ်ဆိုတော့.. ဟား နောက်က.. ရှေ့ဆောင်နွားလား ကောက်ကောက်သွားက နောက်နွားတစ်သိုက် ကောက်ကောက်လိုက်၏ ။ နောက်က ဇီးကွက်တို့ လဒတို့ ကျီးကန်းတို့.. ကြားဖူးတယ်နော်။ အဲ..ဒီတောင်ဒဂုံမှာ ရှိတယ်။ အဲ့ဒီကရော.. သန်းမြင့်အောင်တို့ကရော.. တစ်ခါ အဖွဲ့အစည်းတွေ တော်တော်များများက.. ဘုန်းကြီးတွေ ဘာဖြစ်တယ် ညာဖြစ်တယ်.. ကိုယ့်နေရာကို မနေဘဲနဲ့.. ဟိုး တော်ဝင်နှင်းဆီပိုင်ရှင် ဆိုလား ဘာဆိုလား.. အဲ့ဒကာကြီးဆို လူ့အလုပ် လူလုပ်.. ခွေးအလုပ် ခွေးလုပ် ဆိုပြီးတော့။ ဟား ဘုန်းကြီးတွေ တုတ်လိုက်တာ.. ဘုန်းကြီးတွေကို ခွေးနဲ့ နှိုင်းပြီး ပြောတာ။ ရှေ့က လူက စပြီး ကန့်ကွက်တော့ နောက်လူတွေက ဘာဖြစ်လဲ.. အဲ ကန့်ကွက်ရုံတင် မဟုတ်ဘူး စော်ကားမော်ကား ကိုယ့်ဘာသာကို ပြန်လုပ်တာနော်။ ကဲ.. မညီညွတ်ရင် ဘာဖြစ်မှာလဲ.. ဆင်းရဲမှာ။ ညီညွတ်မှ ဘာလုပ်မှာလဲ.. ချမ်းသာမှာ။
______________________________________
အမျိုးဘာသာ သာသနာအတွက် ၏ စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(ဗဟုသုတ ဟင်းပေါင်းအိုးကြီး
www.mohnyinnews.blogspot.com
ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
မကြာမီမှာ apk ဘားရှင်းအသစ်ထွက်ရှိပါတော့မည်
အမျိုးသားနေ့ကိုကြိုဆိုသောအားဖြင့်ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
ယခု apk ဘားရှင်းအသစ်ကိုထွက်ရှိတာ
ဖြစ်ပါတယ်
No comments:
Post a Comment