အင်္ဂလန်အသင်းခေါင်းဆောင်နှင့်ပတ်သက်ပြီး ဝေဖန်ပြောဆိုနေချိန် လာမည့် စနေနေ့တွင် ယူရို ၂ဝ၁၆ခြေစစ်ပွဲအဖြစ် ဆလိုဗေးနီးယားနှင့်ပွဲတွင် တိုက်စစ်မှူး ရွန်းနေ အသင်းခေါင်းဆောင်အဖြစ် ဆက်လက်ကစားလိမ့်မည်ဖြစ်ကြောင်း နည်းပြ ရွိုင်းဟော့ဆင်က ပြောကြားလိုက်သည်။ ယင်းပြိုင်ပွဲတွင် တိုက်စစ်မှူးရွန်းနေက အင်္ဂလန်အသင်းတွင် ပွဲပေါင်း ၁ဝဝ ပြည့်အဖြစ် ပါဝင်ကစားမည်ဖြစ်သည်။ အသက် ၂၉နှစ်အရွယ်ရှိ ရွန်းနေသည် အသက် ၁၇နှစ်အရွယ် ၂ဝဝ၃ခုနှစ်ကတည်းက အင်္ဂလန်အသင်းတွင် စတင်ကစားခဲ့သည်။ ရွန်းနေသည် အင်္ဂလန်အသင်းအတွက် စတုတ္ထဂိုးအများဆုံးသွင်းသူဖြစ်ပြီး စုစုပေါင်း ၄၃ဂိုးသွင်းယူပေးခဲ့သည်။ သို့သော်လည်း ရွန်းနေသည် အနီကတ်ဖြင့် အထုတ်ခံရမှုခြောက်ကြိမ်ရှိပြီး အင်္ဂလန်အသင်းအတွက် နှစ်ကြိမ်ရှိခဲ့ဖူးသည်။
www.mohnyinnews.blogspot.com
No comments:
Post a Comment