Tuesday, November 11, 2014

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေး

တတ်မြောက်အောင်သင် အောင် မြင်အောင်စစ် ဆိုသည့်အတိုင်း တတ်မြောက်အောင် သင်ကြားခြင်း သည် အဓိကဖြစ်ပြီး စစ်ဆေးခြင်းသည် သာမညဖြစ်ကြောင်း၊ ပညာရေးပြုပြင် ပြောင်းလဲမှုနှင့် ပညာရေးလုပ်ငန်း ဆောင်ရွက်ရာ၌ တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်ကြောင်း၊ စာမေးပွဲသည်ပညာရေး၏ အစိတ် အပိုင်းတစ်ခုဖြစ်ပြီး ပညာရေးကို တွန်းပို့ရမှာမဟုတ်ကြောင်း၊ တတ် မြောက်အောင် သင်ကြားပေးရမည် ဖြစ်ကြောင်းဖြင့် နိုဝင်ဘာ ၁ဝ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် အခြေခံစတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစစ်ဆေးခြင်းဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲတွင် ပညာရေးမြှင့်တင် မှု အကောင်အထည်ဖော်ရေး ကော် မတီနာယကဆရာကြီး ဦးသန်းဦးက ပြောကြားသည်။

ဆက်လက်၍အမှတ်(၂) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး (ပညာ) ဦးခင်မောင်မြင့်က အခြေခံ ပညာစတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများအတွက် မေးခွန်းလွှာ ပြုစုခြင်းဆိုင်ရာများကို ရှင်းလင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ ပညာရေးမြှင့်တင် မှုအကောင်အထည်ဖော်ရေး ကော် မတီနာယက ဆရာကြီး ဦးသန်းဦး၊ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး ကဏ္ဍလေ့လာသုံးသပ်ရေး လုပ်ငန်း နိုင်ငံတကာ ကျွမ်းကျင်ပညာရှင် ဒေါက်တာမြင့်သိန်းနှင့် ရန်ကုန် ပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခ ချုပ် ဒေါက်တာအေးအေးမြင့်တို့က စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေး ပွဲစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲကို ဦးဆောင်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာ ရေးညွှန်ကြားရေးမှူးများ၊ ခရိုင်ပညာ ရေးမှူးများနှင့် ဘာသာရပ်ကျွမ်းကျင် သူများတက်ရောက်ခဲ့ကြပြီး အလုပ်ရုံ ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်းများတွင် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် စတုတ္ထတန်းကို ခရိုင်အဆင့် စာမေး ပွဲဖြင့်လည်းကောင်း၊ အဋ္ဌမတန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စာမေးပွဲဖြင့်လည်းကောင်း ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

www.mohnyinnews.blogspot.com



ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
မကြာမီမှာ apk ဘားရှင်းအသစ်ထွက်ရှိပါတော့မည်

အမျိုးသားနေ့ကိုကြိုဆိုသောအားဖြင့်ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
ယခု apk ဘားရှင်းအသစ်ကိုထွက်ရှိတာ
ဖြစ်ပါတယ်

No comments:

Post a Comment