Tuesday, November 11, 2014

အာဆင်နယ်၏ နောက်တန်းပြဿနာကို ဖြေရှင်းရန် ဝင်းဂါး ပေါင်သန်း ၂ဝ ရရှိမည်

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးသည် ယခုလတ်တလောအခြေအနေတွင် နောက်တန်းအားနည်းမှု ပြဿနာကြုံတွေ့နေရခြင်းကြောင့် ယခုနှစ်ဘောလုံးရာသီ ကုန်တွင် အကောင်းမွန်ဆုံးရလဒ် ထွက်ပေါ်နိုင်ရေး အတွက် ကစားသမားသစ် ထပ်မံခေါ်ယူရန် ဇန်နဝါရီ ၁ ရက်တွင် ပေါင်သန်း ၂ဝ ရရှိမည်ဖြစ်ကြောင်း သိရသည်။

နည်းပြအာစင်ဝင်းဂါးသည် ဗဟိုခံစစ်ကစားသမား တစ်ဦးနှင့် ကွင်းလယ်ကစားသမားတစ်ဦးတို့ကို ခေါ်ယူရန် ခွင့်ပြုခြင်းခံထားရပြီး ဗဟိုခံစစ်ကစားသမားတစ်ဦးကို လာမည့်ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူ နိုင်သော်လည်း ကွင်းလယ်ကစားသမားတစ်ဦးကိုမူ နွေရာသီအပြောင်းအရွှေ့ကာလရောက်မှသာ ခေါ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဒဏ်ရာရကစားသမားများ ရှိနေခြင်းကြောင့် ရလဒ်သည် ထင်တိုင်းမပေါက်ဖြစ်ခဲ့ရပြီး အဓိကကြုံတွေ့နေရသည့် နောက်တန်းပြဿနာကို အမြန်ဆုံးဖြေရှင်းရမည်ဖြစ်သောကြောင့် ယခုတစ်ပတ် ထဲတွင် အသင်း၏ နောက်တန်းခံစစ်ပြဿနာနှင့် ပတ် သက်၍ ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အသင်း၏ နောက်တန်းအားနည်းမှုပြဿနာကို ဖြေရှင်းရန် ဆဲလ်တစ်အသင်းမှ ဗာဂျယ်ဗန်ဒစ်ခ်၊ ဝက်စ် ဟမ်းအသင်းမှ ဝင်စတန်ရိဒ်၊ အက်စ်တွန်ဗီလာအသင်းမှ ရွန်ဗလာနှင့် မန်ယူအသင်းမှ စမောလင်းတို့ကို ပစ်မှတ် ထားလျက်ရှိပြီး အဆိုပါကစားသမားများအား နွေရာသီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူနိုင်ရေး ကြိုးပမ်းသွား မည်ဖြစ်ကြောင်း နည်းပြအာစင်ဝင်းဂါးက ထုတ်ဖော် ပြောကြားခဲ့သည်။

ဝက်စ်ဟမ်းကစားသမား ဝင်စတန်ရိဒ်နှင့် အက်စ်တွန် ဗီလာကစားသမား ရွန်ဗလာတို့သည့် ယခုနှစ်ဘောလုံး ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးကြမည်ဖြစ် သောကြောင့် ခေါ်ယူရရှိနိုင်ကြောင်းလည်း ဝင်းဂါးက ဆိုသည်။

www.mohnyinnews.blogspot.com


ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
မကြာမီမှာ apk ဘားရှင်းအသစ်ထွက်ရှိပါတော့မည်

အမျိုးသားနေ့ကိုကြိုဆိုသောအားဖြင့်ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
ယခု apk ဘားရှင်းအသစ်ကိုထွက်ရှိတာ
ဖြစ်ပါတယ်

No comments:

Post a Comment