ရီမီယာလိဂ် ပွဲစဉ်(၁၁)ကို စနေ နေ့ည အစောဆုံးပွဲစဉ်ဖြင့် လီဗာပူးနှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားကြရာ အိမ်ရှင်လီဗာပူးတို့ နှစ်ဂိုး- တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ပထမပိုင်း ပွဲစပြီး ကိုးမိနစ်တွင် စတားလင်း၏ ဖန်တီးမှုမှတစ်ဆင့် လီဗာပူးရဲ့ အဖွင့်ဂိုးကို အီမရီကန်း က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၁၄ မိနစ်တွင် ချယ်လ်ဆီးရဲ့ ချေပဂိုးကို ကာဟေးလ်က သွင်းယူပေးခဲ့ပြီး ပထမပိုင်းပွဲပြီးချိန်ထိ ဂိုးဆက်မသွင်းနိုင်ဘဲ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။ ဒုတိယပိုင်း ၆၇ မိနစ်တွင် တိုက်စစ်မှူးကော်စတာက ချယ်လ်ဆီး၏ အနိုင်ဂိုးကို ယူဆောင်ပေးခဲ့သည်။ ယင်းဂိုးကြောင့် ချယ်လ်ဆီးအသင်း နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ချယ်လ်ဆီးသည် ယနေ့ပွဲ အဝေးကွင်း ရလဒ်ကောင်းခဲ့သဖြင့် ရမှတ် ၂၉ မှတ်ရရှိကာ ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နေပြီး လီဗာပူးလ် အသင်းက ရမှတ် ၁၄ မှတ်ဖြင့်သာ ရပ်တည်နေသည်။
ဂျာမနီဘွန်ဒက်စ်လီဂါ
ဂျာမန်ဘွန် ဒက်စ်လီဂါပွဲစဉ် အဖြစ် အော့စ်ဘတ်က ပါဒါဘွန်းကို သုံးဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ ဘိုင်ယန်မြူးနစ်က ဖရန့်ဖတ်ကို လေးဂိုး-ဂိုးမရှိဖြင့် လည်းကောင်း၊ ကိုလုံး အသင်းက ဟော်ဖန်ဟိန်းကို လေးဂိုး- သုံးဂိုးဖြင့် အနိုင်ရရှိပြီး လေဗာကူဆင် နှင့် မိန့်ဇ်တို့ ဂိုးမရှိသရေကျခဲ့သည်။ ဖရိုင်းဘတ်က ရှော်ကေးကို နှစ်ဂိုး-ဂိုးမရှိဖြင့် နိုင်သည်။
www.mohnyinnews.blogspot,com
No comments:
Post a Comment