မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကပထမဆုံးအကြိမ် ကြီးမှူးကျင်းပသော ရုပ်ရှင်ထူးချွန်အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် တွင်Myanmar Event Park ၌ ကျင်းပမည်ဟု သိရသည်။ တစ်ခေတ် ဆန်းလာတော့မည့် မြန်မာ့ရုပ်ရှင်ဆုပေးပွဲ အခမ်းအနား ၏ ကြိုတင်ပြင်ဆင်နေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးနာယက တစ်ဦးလည်းဖြစ်၊ အကယ်ဒမီဘုတ်အဖွဲ့မှ ဒုဥက္ကဋ္ဌလည်း ဖြစ်သူ ဦးနှင်းမိုးက ''ဒီနှစ်ထွက်ရုပ်ရှင် ၁၄ ကားလုံးကို ဘုတ်အဖွဲ့ဝင် ၁၇ ယောက်က အကဲဖြတ်ပြီး ပထမအဆင့် အနေနဲ့ရွေးချယ်တယ်။ ဒုတိယအဆင့် အနေနဲ့ ဆန်ခါတင်ခြောက်ကား စာရင်းတက်လာတယ်။ ခြောက်ကားထဲ မှာမှ ဇာတ်လမ်း၊ ဇာတ်ညွှန်းကောင်း ကွက်တွေကို အဖန်တလဲလဲ ခဏခဏ ကြည့်ပြီးတော့မှ နောက်ဆုံးရွေးချယ် လိုက်တယ်။ ၁၁ ဆုလို့တော့ သတ်မှတ် ထားတယ်။ အကယ်ဒမီမဖောင်းပွရ အောင် တကယ်ပေးသင့်ပေးထိုက်တဲ့ အရည်အချင်းမီတဲ့သူကိုသာ ရွေးချယ် မှာပါ။ ဒီနှစ်ကိုတို့တွေဘက်က ဦးစီးပြီး လုပ်ကာ တာဝန်ယူပေမယ့် ရွှေစင် ရုပ်တုတွေကိုတော့ နိုင်ငံတော်ကပဲ ပံ့ပိုးပေးတာပါ။ အရင်နှစ်တွေကSponsor တွေနဲ့ပဲလုပ်တော့ ငွေကြေး အခက်အခဲတော့မရှိဘူး။ ဒါပေမယ့် မနှစ်က လုပ်သွားတုန်းကဆိုရင်Sponsor နဲ့ပဲလုပ်တော့ နောက်Sponsor သာရသွားတယ်။ တို့ရုပ်ရှင် အစည်းအရုံးက ထင်သလောက်မရ လိုက်ဘူးပေါ့။ တွက်ချက်ကြည့်တဲ့အခါ ကိုယ့်ဘာသာကိုယ်လုပ်တာပိုကောင်း မယ်ပေါ့။ ကိုယ့်စိတ်ကြိုက်လည်းလုပ် လို့ရမယ်ဆိုပြီး ဒီနှစ်မှာတော့လုပ်ဖြစ် သွားတာ။ ရုပ်ရှင်အစည်းအရုံး ရန်ပုံ ငွေလည်းမထိခိုက်အောင်လုပ်ထုံးလုပ် နည်းအတိုင်းပဲ ဆက်လုပ်သွားမှာပါ။'' မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ''မနှစ်ကအထိတော့ နိုင်ငံတော်အစိုးရတစ်ဝက်၊ အစ်ကိုတို့ က တစ်ဝက်ပါ။ ဒီနှစ်တော့ အစ်ကိုတို့ ရုပ်ရှင်အစည်းအရုံးကနေပြီး ကိုယ် တိုင်ပွဲပြုလုပ်ချင်တယ်လို့ တင်ပြခဲ့ တယ်။ နိုင်ငံတော်က ခွင့်ပြုပေးခဲ့ တယ်။ နိုင်ငံတော်သမ္မတကြီးထိကို ဖိတ်ထားပါတယ်။ ပွဲကို Myanmar Event Park မှာ ကျင်းပဖို့သေချာ ပါတယ်။ Event Park ဆိုတဲ့အတိုင်း ကိုယ်လုပ်ချင်တဲ့Event ကို ကိုယ့်စိတ် ကြိုက် ဖန်တီးတင်ဆက်ခွင့်ရှိတဲ့ နေရာ လို့ ယုံကြည်တယ်။ အဓိကကတော့ နှစ်စဉ်နှစ်တိုင်းမှာ အစ်ကိုတို့ လောက သားတွေကို နေရာအခက်အခဲကြောင့် ဖိတ်သင့်ဖိတ်ထိုက်တဲ့ အရေအတွက် တစ်နှစ်မှမဖိတ်ခဲ့ရဘူး။ တချို့နာမည် ကြီးတွေကြတော့လည်း လင်စုံမယား ဖက်ရှိနေပါလျက်နဲ့ ဖိတ်စာတစ်စောင် ပဲရတယ်။ နှစ်ယောက်စလုံးကို မဖိတ် နိုင်ဘူး။ ဒါကြောင့် ဒီနှစ်မှာတော့ အားလုံးလည်း တက်ရောက်နိုင်အောင် စိတ်တိုင်းလည်းကျမယ့် ကျယ်ဝန်းတဲ့ နေရာကို ရွေးလိုက်တာပါ။ ကားလမ်း ကြောပိတ်တဲ့နေရာဖြစ်တော့ အကောင်း ဆုံးဖြစ် အောင် လုပ်ဆောင်သွားမှာပါ။ ခုံနဲ့ နေရာအခက်အခဲကြောင့် ပရိသတ် ကို လက်မှတ်မရောင်းချနိုင် ပေမယ့်LED များနဲ့ နေရာအနှံ့ပြသနိုင်အောင် စီစဉ်ထားပါတယ်။ ကိုယ်တိုင်လာ ကြည့်ချင်တဲ့ပရိသတ်တွေကို အစ်ကို အနေနဲ့ တောင်းပန်ပါတယ်လို့ ပြော ပါရစေ။'' တစ်ခေတ်ဆန်းလာသည့် အကယ် ဒမီကို အမြင်ဆန်းစေမည့် ရွှေကြို များကို အမျိုးသမီးသာမက အမျိုး သားကိုပါ ခေါ်ယူထားခြင်းနှင့် ပတ်သက်၍ ရွေးချယ်ရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဦးရန်အောင်က ''နှစ်စဉ် ကျင်းပတဲ့ အကယ်ဒမီပေးပွဲတွေမှာ ဗန်းကိုင်တွေက မိန်းကလေးတွေသာ ဖြစ်တယ်။ ဒီနှစ်ကျတော့ ဗန်းကိုင် ဆိုတဲ့ အသုံးအနှုန်းမထည့်ချင်တော့လို့ ရွှေကြိုလို့သုံးနှုန်းလိုက်တာပါ။ ဗန်း ကြီးကိုင်ပြီး ကတ်ကြေးနဲ့ဖိတ်စာ မဟုတ်တော့ဘဲနဲ့ အကယ်ဒမီရွှေစင်ရုပ် တုကို ကြိုဆိုမယ့်သဘောပေါ့။ ရွှေကြို တွေအဖြစ် မိန်းကလေးက ရွှေစင်ရုပ် တုကိုကိုင်မယ်။ ယောက်ျားလေးက ချိတ်ပိတ်ထားတဲ့ဖိတ်စာကို ခွာပြီး ပေးရင် ကောင်းမယ်လို့ဆိုတော့ စာနယ်ဇင်းက လူကြီးတွေကလည်း သဘောတူတယ်။ ရွေးချယ်ခံရတဲ့ မိန်းကလေးတွေက နောက်ပိုင်း အနုပညာပေါ်မှာ စလျှောက်တဲ့ခြေ လှမ်းအတွက် တက်လမ်းလေးတစ်ခု ရသွားတယ်။ ဒီတော့ ယောက်ျားလေး တွေလည်း မိန်းကလေးနည်းတူ အနု ပညာလျှောက်လှမ်းပေါ် ရောက်ဖို့ အခွင့်အရေးရသွားမယ်။ နိုဝင်ဘာ ၂၉ ရက်မှာ ပဏာမရွေးချယ်ပြီး ဒီဇင်ဘာ ၆၊ ၇ ရက်မှာ အပြီးသတ်ရွေးမယ်။ စင်ပေါ်မှာတော့ မျက်နှာသစ် မိန်း ကလေးငါးယောက်၊ ယောက်ျားလေး ငါးယောက်၊ စင်အောက်မှာတော့ လက်ရှိအနုပညာလုပ်နေတဲ့ တက် သစ်စမင်းသားငါးယောက်၊ မင်းသမီး ငါးယောက်ပေါ့၊ အစမ်းလေ့ကျင့်မှုကို ဒီဇင်ဘာ ၁၈ ရက်ကနေ ၂၄ ရက် ထိပြုလုပ်မယ်။ ဒါတွေ အားလုံးကို အစ်ကိုတို့ ဘုတ်အဖွဲ့ဝင် ၁၁ ယောက် လုံး ဆုံးဖြတ်သဘောတူပြီဆိုမှ လုပ်ခဲ့ ကြတာပါ''ဟု ပြောပြသည်။ မြန်မာ့ရုပ်ရှင်ကို ကွယ်လွန်သွား ပြီဖြစ်သည့် ဆရာကြီးဦးအုန်းမောင်က ၁၉၂ဝ ခုနှစ် သြဂုတ်လထဲမှာ မြန်မာ ကိုယ်စားလှယ်တော်ကြီး ဦးထွန်းရှိန်နဲ့ ဈာပနသတင်းကားတိုလေးကို အင်္ဂ လိပ်ကောင်းဘွိုင်ကားနဲ့တွဲပြီး ယခု ဗိုလ်ချုပ်အောင်ဆန်းဈေးကြီး မဆောက် ခင်က ရှိခဲ့သည့် ပဲရစ်ရုပ်ရှင်ရုံမှာစပြခဲ့ ပြီး မြန်မာ့ရုပ်ရှင်လောက စခဲ့ပါ သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကို ၁၉၅၂ ခုနှစ်မှ စတင်၍ ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ထိ နှစ်ပေါင်း ၆၁ နှစ်အတွင်း (၅၇) ကြိမ်တိုင်ခဲ့ပြီ ဖြစ်သည်။ ယခုနှစ်အတွက် အကယ်ဒမီတန်း ဝင် ဆန်ခါတင်ခြောက်ကားမှာ ကြယ် စင်မော်ကွန်း၊ စေတန်ရဲ့ကချေသည်၊ နင်စေရင်၊ အဖြူရောင်ရဲတိုက်၊ ကိုယ့် အထာနှင့်ကိုယ်၊ စုန်းပြူးဇာတ်ကား တို့ဖြစ်သည်။
No comments:
Post a Comment