ခြေထောက်ကျိုးဒဏ်ရာပြဿနာရရှိထားလို့ အရန်ခုန်နဲ့သာ ကျေနပ်နေခဲ့ရတဲ့ တိုက်စစ်မှူး
ဂီရောက်ကတော့ အခု သူရဲ့ဒဏ်ရာ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် လာမယ့်တစ်ပတ်ထဲ
မှာ အာဆင်နယ်ရဲ့ လေ့ကျင့် ရေးကွင်းဆီကို ပြန်လာဖို့နီးစပ်နေတဲ့အပြင် အာဆင်နယ်ရဲ့တိုက်စစ်
ပိုင်းမှာလည်း ပြန်လည်မြင်တွေ့လာရတော့မှာပါ။
တိုက်စစ်မှူး ဂီရောက်ဟာ သြဂုတ်လအတွင်းမှာ အဲဗာတန်နဲ့ကစားခဲ့တဲ့ ပွဲစဉ်မှာ ခြေ
ထောက်ကျိုးခဲ့လို့ ယခုနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ လေးပွဲသာ ကစားပေး
ထားနိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာ အာဆင်နယ်အတွက် အခက်တွေ့နေတာကတော့ အသင်း
ခေါင်းဆောင်အာတီတာ ဒဏ်ရာရနေခြင်းပါပဲ။ ဒါပေမယ့် အာတီတာရဲ့နေရာကို ဖြည့်ဖို့ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဝီရှိုင်းယာ ပြန်လည်ပါဝင်လာမှာမို့ ရလဒ် ကောင်း ရဖို့ နည်းပြဝင်းဂါးက မျှော်လင့်ထားပါတယ်။
www.mohnyinnews.blogspot.com
No comments:
Post a Comment