ဟိုတလောက ကြားလိုက်မိပါတယ်...လွှတ်တော်အတွင်းမှာ ကွန်ဟိန်းမဲဆန္ဒနယ်က ဒေါ်နန်းဝါနုက တပ်မတော်၏ ကာကွယ်ရေးအသုံးစရိတ်တင်ပြတောင်းခံမှုအား အပြင်းအထန်ဝေဖန် တိုက်ခိုက်ခဲ့တယ်တဲ့... ဒေါ်နန်းဝါနုရေ တကယ်ပဲမသိတာလား မသိချင်ယောင်ဆောင်နေတာလား.. အရှေ့တောင်အာရှနဲ့ ကိုယ်နိုင်ငံဘေးက နိုင်ငံတွေရဲ့ကာကွယ်ရေးအသုံးစရိတ်ကို တစ်ချက်လောက် တော့ စဉ်းစားသုံးသပ်ဖတ်ကြည့်ခဲ့မိပါသလားဟု မေးချင်တယ်.. ဘယ်နိုင်ငံကအနည်းဆုံးလဲလို့ ဘယ်နိုင်ငံမှာပြည်တွင်းသောင်းကျန်းမှုသက်ဆိုးရှည်နေတာလဲလို့..ဘာကြောင့်ဖြစ်နေရတာလဲ... စဉ်းစားကြည့်ခဲ့မိရဲ့လား...ခင်ဗျားရဲ့လုပ်ရပ်တွေကတိုင်းပြည်ကိုကာကွယ်နေတာလား... ချောက်ထဲကျအောင်
ပို့နေတာလား...ရင်မောမိပါရဲ့ဗျာ။
ခင်ဗျားရဲ့လုပ်ရပ်ကြောင့် တပ်မတော်ကိုဝေဖန်မှုကြောင့်... မင်းရဲ့အမည်ဂျာနယ်ထဲမှာ စာလုံး မည်းကြီးဖော်ပြတော့...လူပိုသိတာပေါ့...တစ်ကယ်တမ်းဒုက္ခရောက်မှာက တိုင်းပြည်ဗျ။ ''တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်''ဆိုတာ အလကားထွက်ပေါ်လာတဲ့စကား မဟုတ်ဘူး.....
တပ်မတော်အင်အားမရှိရင် အခြားနိုင်ငံတွေက ရန်စမယ်၊ ကျူးကျော်မယ်...ကိုယ်နိုင်ငံက ဘယ်နေရာမှာတည်ရှိနေတယ်ဆိုတာခင်ဗျားသိရဲ့လား.... ကမ္ဘာ့အင်အားကြီး ၂ နိုင်ငံအလယ်မှာ
ပြည်တွင်းဆူပူသောင်းကျန်းမှုတွေဖြစ်ပေါ်လာရင်...ဘယ်သူကထိန်းရမှာလဲ...ဒေါ်နန်းဝါနုရေ ခင်ဗျားထိန်းမှာလား....ဆီးရီးယားတို့၊ လစ်ဗျားတို့၊ အီရတ်တို့မှာ ဖြစ်ပျက်နေတဲ့မြင်ရက်စရာမရှိတဲ့ မြင်ကွင်း
တွေကိုရော ခင်ဗျားတွေ့ဘူးပါလား၊ ၊ အရေးရယ်၊ အကြောင်းရယ်ဖြစ်လာရင် တစ်ကယ်တမ်း ပင်ပန်းမှာက တပ်မတော်နဲ့ခင်ဗျားတို့ရဲ့ဝေဖန်ခံတိုက်ခိုက်ခံစစ်သားတွေပဲ
လက်ညှိုးထိုးခိုင်းခံရမှာ ခေတ်မီလက်နက်နဲ့ထောက်ပံ့ပို့ဆောင်မှုမရှိဘဲနဲ့စစ်သားတွေ ရှေ့တန်းထွက်တိုက်ကြ
တဲ့သဘောပေါ့။စစ်သားတွေထဲမှာ ခင်ဗျားဆွေမျိုးသားချင်းတွေပါရင် ဒီလိုပြောမလားဆိုတာသိချင်တယ်ဗျာ တစ်ခုတော့ ထင်မိပါတယ်ဒေါ်နန်းဝါနုရေ...ခင်ဗျား အခုလို တပ်မတော်ကာကွယ်ရေးအသုံးစရိတ်
တောင်းခံမှုကို ဒီလောက်သဲကြီးမဲကြီး လိုက်လံကန့်ကွက်နေတာ သောင်းကျန်းသူအားပေးချင်တာလား... ခင်ဗျား ကိုယ်တိုင်ကပဲ '' ... ''သူဖြစ်နေတာလားလို့ယူဆမိပါတယ်ဗျာ... ခင်ဗျား အခုဘာကောင်ကြီးပဲ ဖြစ်နေပါစေ ဒေါ်နန်းဝါနုရေ... ခင်ဗျားအကြောင်းကို လဲချားသားတွေ အသိဆုံးပါဗျာ....
ကိုရင်သာဂ
No comments:
Post a Comment