Sunday, November 9, 2014

မန်ယူနိုင်သော်လည်း မန်စီးတီးရုန်းကန်ခဲ့

ပရီမီယာလိဂ်ပွဲစဉ် (၁၁) အဖြစ် စနေနေ့ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူက ခရစ္စတယ်ပဲလေ့စ်ကို လူစားဝင်ကစားသူ မာတာ၏ တစ်လုံးတည်း သောဂိုးဖြင့်နိုင်ပြီး ဇယားနံပါတ် (၆)နေရာသို့တက်လာသည်။ ဆောက် သမ်တန်က အိမ်ကွင်း၌ လူစားဝင်ကစားသူ ရှိန်းလောင်း၏ သွင်းဂိုးနှစ်ဂိုး ဖြင့် လက်စတာအသင်းကိုအနိုင်ယူခဲ့သည်။ လက်စတာစီးတီးအသင်းမှာ လွန်ခဲ့သည့်ခြောက်ပွဲအတွင်း တစ်ပွဲမျှအနိုင်မရဘဲရှိသည်။

အင်ဒီကာရိုးလ် ပြန်လည်ပါဝင်လာသော ဝက်စ်ဟမ်းအသင်းက ဗီလာကို ဂိုးမပေးဘဲ ဟန့် တားထားနိုင်ခဲ့သည်။ သို့သော်လည်း စက်တင်ဘာ ၁၃ ရက်နောက်ပိုင်း အက် စတွန်ဗီလာက ထိုက်တန်သောအဝေးကွင်းရမှတ်တစ်မှတ် စုဆောင်းနိုင်ခဲ့ သည်။

ချန်ပီယံမန်စီးတီးက ကျူပီအာကို နောက်မှလိုက်ပြီး ချေပဂိုးများသွင်း ယူပြီး တစ်ဖက်နှစ်ဂိုးစီဖြင့် သရေပွဲဖြစ်ခဲ့ရသည်။ မန်စီးတီးအတွက် ချေပဂိုး နှစ်ဂိုးစလုံးကို တိုက်စစ်မှူးအဂူရိုက သွင်းယူပေးနိုင်ခဲ့သည်။ ဇယားထိပ်ဆုံး ရောက် ချယ်လ်ဆီးက လီဗာပူးကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ကစားရာတွင် ဒီ ယေဂိုကော်စတာက ယခုနှစ်ရာသီအတွက် ၁ဝ ဂိုးမြောက်သွင်းယူခဲ့သည်။



www.mohnyinnews.blogspot.com

No comments:

Post a Comment